Realme X7 Pro လို့ ဆိုတဲ့ ဟန်းဆက်ဟာ မော်ဒယ်နံပါတ် Realme RMX2121 နဲ့ Geekbench ပေါ်ကို လာရောက် အစမ်းသပ်ခံခဲ့ပြီး သူ့မှာ MediaTek Dimensity 1000+ ချစ်ပ်ဆက် အသုံးပြုထားတာကို တွေ့ခဲ့ရပါတယ်။

Realme ကုမ္ပဏီဟာ 120Hz Refresh Rate နဲ့ OLED Display အပါအဝင် X7 Pro မှာမြင်တွေ့ရမယ့် Feature တချို့ကို အတည်ပြုခဲ့ပြီးသား ဖြစ်ကာ TENAA ပလက်ဖောင်းပေါ်မှာ အစမ်းသပ်ခံစဉ်ကလည်း အချက်အလက် တော်တော်များများ ဖော်ပြခဲ့ပြီးသားပါ။ ဒါပေမယ့် ချစ်ပ်ဆက်အမည်ကိုတော့ အခုမှ မြင်တွေ့ရတာ ဖြစ်ပါတယ်။

Dimensity 1000+ ချစ်ပ်ဆက်ဟာ 1080p+ Display တွေကို 144Hz Refresh Rate အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ သူ့မှာ Cortex A77 Core လေးခုနဲ့ A55 Core လေးခုကို ပေါင်းစပ်ထားပြီး အတော်လေး စွမ်းဆောင်ရည်မြင့်တဲ့ Mali G77 MP9 GPU လည်း ပါဝင်တယ်။ Dimensity အမှတ်တံဆိပ် ပီသစွာ 5G Modem လည်း ပါပါတယ်။

Realme X7 Pro ဖုန်းမှာ အမြင့်ဆုံး 8GB RAM မန်မိုရီနဲ့ အခြေခံမော်ဒယ်အတွက် 6GB RAM ပါမှာပါ။ 6.55” OLED Display အသုံးပြုထားပြီး 64MP + 8MP ကင်မရာနှစ်လုံး၊ 65W အားသွင်းစနစ် အကြမ်းစားနဲ့ 4,500 mAh ဘက္ထရီကြီးတို့ ပါဝင်ပါတယ်။

Realme X7 စီးရီးကို အိန္ဒိယစျေးကွက်မှာ လာမယ့် စက်တင်ဘာ ၁ ရက်နေ့ကနေ စတင် မိတ်ဆက်သွားမှာဖြစ်ပြီး Pro ဗားရှင်းအပြင် အနည်းဆုံးတော့ X7 Vanilla ဗားရှင်းတစ်ခု ပါဦးမှာပါ။

Ref – GSMArena