Lotte Hotel တွင် ကျင်းပခဲ့သော “2023 REALME GRAND LAUNCH EVENT” ပွဲတွင် realme 10 ကို ၆၉၉၉၀၀ ကျပ်ဖြင့် မတ်လ ၃ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ realme အရောင်းကောင်တာများတွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ realme 10 နဲ့အတူ ၂၀၂၃ ခုနှစ်အတွက် realme Brand Ambassador မှာ ပရိတ်သတ်များစွာ အားပေးမှုကို သိမ်းပိုက်ထားသည့် “ဝတ်မှုန်ရွှေရည်” ဖြစ်ကြောင်း မိတ်ဆက်ပေးခဲ့သည်။


realme 10 ရဲ့ အဓိက အားသာချက်မှာ MediaTek ၏ Helio G99 Chipset ကို အသုံးပြုထားသဖြင့် Graphic ပိုင်းမြင့်သော ယှဥ်ပြိုင်မှု ပြင်းထန်သည့် ဂိမ်းများစွာ ဆော့ကစားနိုင်မှာဖြစ်သည်။ realme 10 တွင် ပါဝင်သော refresh rate 90Hz နှင့် စိုလွင်တောက်ပသော Super AMOLED Display ဖြင့် ရုပ်ရှင်ကြည့်ရတာ အကြိုက်ဆုံးဖြစ်ကြောင်း realme Brand Ambassador ဝတ်မှုန်ရွှေရည်မှ ပြောပြခဲ့သည်။
realme 10 ရဲ့ ထူးခြားချက် နောက်တစ်ခုမှာ RAM 8GB နှင့် storage မှာ ROM 256GB ထိပါဝင်လာမှာ ဖြစ်သောကြောင့် စိတ်ကြိုက်ဓာတ်ပုံရိုက်၊ ရုပ်ရှင်များ ကြိုက်သလောက်သိမ်းထားနိုင်မည်။


အလင်းစက်အမှုန်များနှင့် ကြယ်စင်စုများ ထိတွေ့ပြီးသည့်နောက်မှာ ကြီးမားသော စွမ်းအင်တိုက်မိမှုတို့ကြောင့် အရောင်အသွေးစုံလင်သော Clash White အဖြစ်သို့ ပြောင်းလဲသွားပြီး မတူညီသော ရှုထောင့်များတွင် မတူညီသော အရောင်များကို ခံစားရမှာဖြစ်သည်။ အမိုက်စားရိုက်ချက်များကို ဖမ်းယူနိုင်မည့် 50MP ရောင်စုံ AI ကင်မရာကို realme 10 မှာ ရရှိစေမှာ ဖြစ်သည်။ အားအမြန်သွင်းပေးသည့် 33W Fast charging နှင့် ကြီးမားသော 5000mAh ဘက်ထရီကြောင့် တနေ့တာလုံး အပူအပင်မရှိ အသုံးပြုနိုင်ပါသည်။

Press Release – realme