လက်ရှိမှာ အားသွင်း အမြန်ဆုံး စမတ်ဖုန်းက Xiaomi Redmi Note 12 Explorer ဖြစ်ပြီး 210W Wired Charging ပါပါတယ်။ ဒါပေမယ့် မကြာခင်မှာ အဲဒီဖုန်းကို နန်းချမယ့် ဖုန်း ပေါ်လာတော့မှာ ဖြစ်ပြီး အဲဒါက 240W Charging ပါတဲ့ realme GT Neo 5 ဖြစ်ပါတယ်။ realme က GT Neo 5 အကြောင်းဘာမှ မပြောသေးပေမယ့် အခုတော့ ဇန်နဝါရီလ ၅ ရက်နေ့မှာ အားသွင်းနည်းပညာ အသစ်နဲ့ ပတ်သက်တဲ့ ပွဲ ၁ ခုကို ပြုလုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ realme ရဲ့ ဝီဘိုက ပို့စ်နဲ့ ပိုစတာအရ အဲဒီ အားသွင်းနည်းပညာ အသစ်ဟာ 240W Charging ဖြစ်နိုင်ပါတယ်။

Realme's 240W charging tech could be announced on January 5, Realme 10 launching soon in India

လက်ရှိမှာ အားသွင်းအမြန်ဆုံး realme ဖုန်းက GT Neo 3 150W ဖြစ်ပြီး 150W Charging နဲ့ 4,500mAh ဘက်ထရီ ပါပါတယ်။ ဒါပေမယ့် 5,000mAh ဘက်ထရီနဲ့ 80W Charging ပါတဲ့ GT Neo 3 မော်ဒယ်ကိုလည်း ထုတ်လုပ်ထားပါတယ်။

Realme GT Neo 5's leaked image (Source: OnLeaks and Smartprix)

realme ဟာ GT Neo 5 မှာလည်း အလားတူ ပြုလုပ်ထားမယ်လို့ သတင်းထွက်နေပြီး 240W Charging နဲ့ 4,600mAh ဘက်ထရီပါတဲ့ မော်ဒယ်နဲ့ 150W Charging နဲ့ 5,000mAh ဘက်ထရီ ပါတဲ့ မော်ဒယ်တွေ ထွက်လာနိုင်ပါတယ်။ 240W Version မှာ Snapdragon 8+ Gen 1 SoC နဲ့ 150W Version မှာ Dimensity 8200 Chip ပါလာနိုင်ပါတယ်။

တခြား သတင်းအကြောင်းပြောရရင် realme ရဲ့ အိန္ဒိယဌာနဟာ realme 10 4G ကို မကြာခင် ကြေညာတော့မှာပါ။ အဲဒီ ဖုန်းကို ပြီးခဲ့တဲ့လ အစောပိုင်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

Realme's 240W charging tech could be announced on January 5, Realme 10 launching soon in India

realme 10 4G ရဲ့ အဓိက Specs တွေထဲမှာ Helio G99 SoC ၊ ၆.၄ လက်မ FullHD+ 90Hz Super AMOLED မျက်နှာပြင်နဲ့ 50MP ကင်မရာ ပါလာပါတယ်။ 5,000mAh ဘက်ထရီ၊ 33W Fast Charging နဲ့ USB-C Port တပ်ဆင်ထားပါတယ်။

Ref : gsmarena