Nubia Red Magic 5G ဖုန်းသစ်ဟာ ဧပြီလလည်လောက်တည်းက နိုင်ငံတကာဈေးကွက်ကို ခြေဆန့်ခဲ့တာပါ။ ဒါပေမယ့် 12GB RAM ဗားရှင်းကို လိုချင်ရင် Pulse Neon ကာလာတစ်မျိုးတည်းသာ ရွေးချယ်နိုင်မယ့်အပြင် Storage ကလည်း 256GB တစ်မျိုးပဲ ရွေးချယ်စရာရှိတာကြောင့် ဈေးပိုပေးရမှာ သေချာပါတယ်။

တကယ်လို့ 8GB RAM ဟာ မလုံလောက်ပေမယ့် 256GB ကိုလည်း မရွေးချယ်ချင်ဘူး ဆိုသူတွေအတွက် Red Magic 5G ရဲ့ 12/128GB ဗားရှင်းဟာ ဂလိုဘယ်ဈေးကွက်ကို ထပ်ဝင်လာခဲ့ပါပြီ။

ဒီဗားရှင်းကတော့ တရုတ်ပြည်တွင်းမှာ အလွန် ပေါ်ပြူလာဖြစ်ခဲ့တဲ့ Eclipse Black ကာလာဖြစ်ပြီး လူကြိုက်များလို့ပဲ နိုင်ငံတကာဈေးကွက်အတွက် ရွေးချယ်လိုက်တာ ဖြစ်နိုင်ပါတယ်။ ဒီဖုန်းကို Red Magic Store ကနေ မှာယူနိုင်ပြီဖြစ်ပြီး ဒေသအများစုအတွက် ရရှိနေပါပြီ။ ဒါပေမယ့် မှာပြီးရင်တော့ Shipping အတွက် ၁၀ – ၁၂ ရက်လောက် ထပ်စောင့်ရမှာဖြစ်ပါတယ်။

12/128GB မော်ဒယ်အတွက် ဈေးနှုန်းက ဒေါ်လာ ၆၀၀ (မြန်မာငွေ ရှစ်သိန်းလေးသောင်းနီးပါး) ဖြစ်ပြီး 8/128GB ဗားရှင်းထက် ဒေါ်လာ ၂၀ သာ ပိုလာတာဖြစ်ပါတယ်။

Ref – GSMArena