Nubia ရဲ့ Gaming ဖုန်း ဌာနက Red Magic 5G Hot Rod Red ကို ကြိုတင်မှာယူခွင့်ပြုလိုက်ပါတယ်။ အနီနဲ့ အဝါ ၂ ရောင်စပ် ဒီဇိုင်း သုံးထားပြီး ပထမဆုံး ရောင်းချရတဲ့ အလုံးရေ ၁,၀၀၀ ရဲ့ ၁ ရာခိုင်နှုန်းကို Child’s Play ကို လှူဒါန်းမှာ ဖြစ်ပါတယ်။ Child’s Play ဟာ ကမ္ဘာအဝန်းက ကလေး ဆေးရုံတွေအတွက် ကစားစရာတွေ လှူဒါန်းနေတဲ့ ပရဟိတ အဖွဲ့အစည်း ဖြစ်ပါတယ်။

Hot Rod Red Edition မှာ Red Magic ရဲ့ ဝိသေသ ဖြစ်တဲ့ X ဒီဇိုင်းကို အနောက်ဘက်မှာ ပုံဖော်ထားပြီး Iron Man စတိုင်နဲ့ ဆင်တူပါတယ်။ အရောင်တွဲစပ်ထားမှုက လှပါတယ်။

ဇွန်လ ၈ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ကြိုတင်မှာယူသူတွေဟာ Red Magic 5G ရဲ့ Accessories ၆၀ ထဲက ၁ ခုကို လက်ဆောင်ရရှိနိုင်တဲ့ အခွင့်အလမ်း ရှိပါတယ်။ 5x Magic Adapter (A Docking Station) , 5x Pro Handle ( Analog Stick နဲ့ Buttons များစွာ ပါပါတယ်။ ) နဲ့ 50x Protective Cases ထည့်သွင်းထားပါတယ်။ Facebook ဒါမှမဟုတ် Twitter မှာ ကုမ္ပဏီရဲ့ ပို့စ်ကို Share ရင်လည်း ကံထူးနိုင်ပါတယ်။

Hot Rod Red Edition ရဲ့ ဈေးဟာ Eclipse Black နဲ့ တူညီပြီး ၅၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈ သိန်းလောက်ရှိပြီး RedMagic.gg ကနေ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

Ref : gsmarena