Nubia ဟာ ဒီဇင်ဘာလ ၂၆​ ရက်နေ့မှာ Flagship Gaming Phone အသစ်ဖြစ်တဲ့ Red Magic 8 Pro ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။​ အဆိုပါ Red Magic 8 Pro ဖုန်းဟာ Qualcomm Snapdragon 8 Gen 2 Chipset ကိုအသုံးပြုထားတဲ့ ပထမဆုံးသော Gaming Phone ဖြစ်လာမယ့်အပြင် ထူးခြားချက်တွေအလည်း အများအပြားပါဝင်လာမှာပါ။

အခုလည်း Red Magic ကနေ Weibo စာမျက်နှာမှာ Red Magic 8 Pro ဖုန်းမှာပါဝင်လာမယ့် Feature တစ်ခုကို Teaser အနေနဲ့ ဖော်ပြခဲ့ပါတယ်။ ဒါကတော့ Battery အပိုင်းဖြစ်ပြီး Red Magic 8 Pro ဖုန်းဟာ 6000mAh Battery အပြင် အလွန်မြန်ဆန်တဲ့ 165W Fast Charging ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

ဒါကြောင့် Red Magic 8 Pro ဟာ ကြီးမားတဲ့ 6000mAh Battery ပါဝင်တယ်ဆိုပေမယ့် 0-100% အပြည့်အားသွင်းဖို့ကို အချိန် ၁၄ မိနစ်ပဲ ပေးရမှာဖြစ်ပါတယ်။ အခုလိုမျိုး High Capacity Battery ကို အမြန်ဆန်ဆုံးအားသွင်းနိုင်ဖို့အတွက် 8C Battery သို့မဟုတ် သီးသန့် Cell ၈ ခုပါဝင်တဲ့ Battery ကို အသုံးပြုထားပြီး အားသွင်းတဲ့အချိန်မှာလည်း မတူညီတဲ့ Output Watts ၃ မျိုးနဲ့ ပေါင်းစပ်ပြီး အားသွင်းနိုင်မှာဖြစ်ပါတယ်။

Red Magic ရဲ့ ပြောကြားချက်အရတော့ Red Magic 8 Pro ဖုန်းဟာ ဆက်တိုက်အသုံးပြုမယ်ဆိုရင် ၄၇ နာရီအထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါကြောင့် ၂ ရက်ဆက်တိုက်အသုံးပြုနိုင်တဲ့ Gaming Phone ကို မကြာခင်မှာ မြင်တွေ့ရတော့မှာပါ။

Ref – GSM Arena