Gaming စမတ်ဖုန်းတွေကို သီးသန့်မိတ်ဆက်နေတဲ့ Nubia စမတ်ဖုန်းကုမ္ပဏီရဲ့ Red Magic (Sub-brand) ဟာ Gaming စမတ်ဖုန်းတွေတင်မဟုတ်ဘဲ တခြားသော Gaming Product အသစ်တွေကိုပါ မကြာခင်မှာ မိတ်ဆက်သွားတေ့ာမှာဖြစ်ပါတယ်။

Red Magic ကနေ အခုမိတ်ဆက်ဖို့စီစဥ်ထားတဲ့ Gaming Product အသစ်တွေကတော့ E-Sport Gaming Monitor ၊ E-Sport Router ၊ Gaming Keyboard နဲ့ Mouse တွေပဲဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ XR Goggle Product အသစ်ကိုပါ မိတ်ဆက်သွားဦးမှာပါ။ မိတ်ဆက်မယ့်အချိန်ကတော့ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ဖြစ်ပြီး တရုတ်နိုင်ငံအတွင်းမှာပဲ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Red Magic ကနေ မိတ်ဆက်သွားမယ့် Gaming Mouse ကတော့ အနက်ရောင်နဲ့ အနီရောင်ကို အဓိကအသုံးပြုထားတာကိုတွေ့ရပြီး Pixart ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ PAW3395 Sensor အပြင် MotionSync Feature ပါ ပါဝင်လာမှာဖြစ်ပါတယ်။ Mouse Switch တွေအနေနဲ့ကတော့ 80 Million Clicks ကို Support ပေးထားတဲ့ Kahua GM 8.0 Black Memba Micro Switch ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Red Magic Gaming Mouse ဟာ Wired အပြင် 2.4G Wireless ၊ Bluetooth Mode တွေနဲ့ပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Red Magic Gaming Monitor ကတော့ 27-inch အရွယ်အစားရှိမှာဖြစ်ပြီး 4K Resolution အပြင် 160Hz Refresh Rate ကိုပါ ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ အဆိုပါ Red Magic Gaming Monitor ဟာ mini LED နည်းပညာကို အသုံးပြုထားမှာဖြစ်တာကြောင့် တကယ့် Flagship အဆင့်ရှိနေမှာပါ။

နောက်ဆုံးအနေနဲ့ Red Magic Gaming Mechanical Keyboard ကတော့ Full Size Layout ကိုအသုံးပြုထားပြီး Mouse လိုမျိုးပဲ အနီရောင်နဲ့ အနက်ရောင်ကိုပဲ အဓိကအသုံးပြုထားမှာဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Keyboard ရဲ့ အပေါ်ဘက်မှာ Display တွေကိုပါထည့်သွင်းပေးထားတာဖြစ်ပါတယ်။

အခု Red Magic ကနေ မိတ်ဆက်သွားမယ့် Gaming Product တွေရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ စျေးနှုန်းကိုတော့ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ တရားဝင်မိတ်ဆက်ပြီးတဲ့အချိန်ကြမှပဲ သိရှိရမှာဖြစ်ပါတယ်။

Ref – Gizmo China