Red Magic က Nova အမည်ရ Gaming တက်ဘလက် အသစ်ကို ကြေညာလိုက်ပြီး အရင်နှစ်ထုတ် Red Magic တက်ဘလက်ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ တက်ဘလက်အသစ်မှာ ဈေးကွက်ထဲက စွမ်းရည်အမြင့်ဆုံး Chip ကို ထည့်သွင်းထားပါတယ်။

nubia announces the Red Magic Nova gaming tablet with

Nova တက်ဘလက်မှာ နောက်ဆုံးထုတ် Snapdragon 8 Gen 3 Chip မောင်းနှင်ထားပြီး 12GB/256GB , 16GB/512GB နဲ့ 24GB/1TB Memory Configuration တွေ ထုတ်လုပ်ထားပါတယ်။

10.9” LCD 2880x1800p Display တပ်ဆင်ထားပြီး 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Genshin Impact ကစားရင် Resolution မြင့်မားစေတဲ့ နည်းပညာကို အသုံးပြုထားပါတယ်။

တက်ဘလက်မှာ 10,100mAh Battery ထည့်သွင်းထားပြီး 120W Charging ထောက်ပံ့ထားပါတယ်။ ၁၅ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး အားအပြည့်သွင်းရင် ၄၅ မိနစ်ပဲ ကြာပါတယ်။

nubia announces the Red Magic Nova gaming tablet with

အနောက်ဘက်မှာ 50MP နဲ့ အရှေ့ဘက်မှာ 20MP ကင်မရာ တပ်ဆင်ထားပါတယ်။ ဂိမ်းကစားရင် ကောင်းမွန်စေဖို့ 4-array Speaker စနစ် ထည့်သွင်းထားပြီး တိကျတဲ့ Feedback ရစေဖို့ ကြီးမားတဲ့ X-axis Linear Vibration Motor ပါလာပါတယ်။ Peace Elite, Asphalt 9 , PUBG Mobile နဲ့ Knives Out အတွက် အထူး Features တွေ ထည့်သွင်းထားပါတယ်။

အပူချိန်ကို လျှော့ချပေးဖို့အတွက် 9 Layer Passive Cooling Solution ထည့်သွင်းထားပါတယ်။ တက်ဘလက်ကို အလူမီနီယမ်၊ ဖန်၊ RGB Lighting နဲ့ တည်ဆောက်ထားပြီး Cyclone နဲ့ Snowfall အရောင်တွေ ထုတ်လုပ်ထားပါတယ်။

တက်ဘလက်ကို လက်ရှိမှာ တရုတ်မှာပဲ ရောင်းချထားပြီး မကြာခင်မှာ တခြား နိုင်ငံတွေမှာ ရောင်းချမှာပါ။ 12/256GB ကို ၅၆၅ ဒေါ်လာ ၊ 16/512GB ကို ၆၃၅ ဒေါ်လာနဲ့ 24GB/1TB ကို ၇၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena