Xiaomi ဟာ အခုအချိန်မှာ Budget 5G ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ Redmi 10 5G ကိုတရားဝင်မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Redmi 10 5G ဟာ လောလောဆယ်မှာ Thailand နဲ့ Indonesia လိုမျိုး စျေးကွက်တွေမှာ အရင်ဆုံးရောင်းချသွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ ဒေါ်လာ ၂၀၀ အောက်ပဲရှိမှာဖြစ်ပါတယ်။

Redmi 10 5G ဟာ Display ပိုင်းမှာ 6.58″ ရှိတဲ့ IPS LCD Display ကို အသုံးပြုထားပြီး Full HD+ Resolution အပြင် 90Hz Refresh Rate ကိုပါ ထောက်ပံ့ပေးထားနိုင်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Gorilla Glass Protection လည်းပါဝင်ဦးမှာဖြစ်ပါတယ်။

Camera ပိုင်းမှာလည်း Back Camera အတွက် 50MP Primary Sensor နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားပြီး Selfie Camera အတွက်ကတော့ 5MP Sensor ကို Waterdrop Notch ပုံစံထည့်သွင်းပေးထားပါတယ်။ Performance ပိုင်းမှာ Redmi 10 5G ဖုန်းဟာ MediaTek ရဲ့ Dimensity 700 Chipset ကို အသုံးပြုထားပြီး LPDDR4X RAM နဲ့ UFS 2.2 Storage တွေကို အသုံးပြုထားပါတယ်။ RAM နဲ့ Storage ကိုတော့ 4GB RAM + 64GB Storage ၊ 4GB RAM + 128GB Storage နဲ့ 6GB RAM + 128GB Storage ဆိုပြီး ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Battery အနေနဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး အမြင့်ဆုံး 18W Fast Charging နဲ့ အားသွင်းနိုင်မှာပါ။ တခြားသော Feature တွေအနေနဲ့ကတော့ Android 12 OS ကိုအခြေခံထားတဲ့ MIUI 13 ၊ Side Mounted Fingerprint Sensor နဲ့ AI Face Unlock လိုမျိုး Feature တွေပါဝင်မှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Redmi 10 5G ဖုန်းဟာ IDR 2,699,000 (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်) ကနေစတင်ရောင်းချသွားမှာဖြစ်ပြီး အရောင်အနေနဲ့ Aurora Green ၊ Chrome Silver နဲ့ Graphite Grey ဆိုပြီး ၃ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China