Xiaomi က ဗီယက်နမ်မှာ Redmi 13x ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းရဲ့ Specs တွေဟာ အရင်နှစ်က Redmi 13 4G နဲ့ တူညီပေမယ့် Redmi Note 14 Series ရဲ့ ဒီဇိုင်းကို အသုံးပြုထားပါတယ်။
Redmi 13x မှာ 6.79” IPS LCD FHD+ 90Hz Display သုံးထားပြီး MediaTek Helio G91 Ultra Chipset ပါလာပါတယ်။ 6/8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ဒီဇိုင်းဆန်းသစ်ထားတဲ့ ကင်မရာ Island ပါလာပြီး 108MP Main နဲ့ 2MP Macro ကင်မရာ တပ်ထားပါတယ်။
Android 14 အခြေပြု Xiaomi HyperOS သုံးထားပြီး 33W Charging ထောက်ပံ့တဲ့ 5,030mAh Battery ပါပါတယ်။ IP53 စံနှုန်း၊ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။
Redmi 13x ရဲ့ 6/128GB Version ကို ၁၆၈ ဒေါ်လာ နဲ့ 8/128GB Version ကို ၁၈၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဗီယက်နမ်မှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး မကြာခင်မှာ တခြားနိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။
Ref : gsmarena