Redmi က 14C ကို တရားဝင် ကြေညာလိုက်ပါတယ်။ တန်ဖိုးနည်းဖုန်း ဖြစ်ပြီး ဒီဇိုင်း အသစ်ကို အသုံးပြုထားပါတယ်။ ကြီးမားတဲ့ 6.88” 120Hz Display ကို အသုံးပြုထားပြီး Helio G81 Ultra Chipset အသစ်ကို ထည့်သွင်းထားပါတယ်။

Redmi 14C

Redmi 14C မှာ 6.88” IPS LCD HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 600 Nits Peak Brightness ပါလာပါတယ်။ အရွယ်သေး Notch မှာ 13MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Redmi 14C features a 6.88'' IPS LCD (HD+ 120Hz)

MediaTek ရဲ့ Helio G81 Ultra Chipset အသစ်ကို အသုံးပြုထားပြီး 4/6/8GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားပါတယ်။ microSD Card Slot လည်း ပါလာပါတယ်။

အနောက်ဘက်မှာ 50MP Main နဲ့ Auxiliary ကင်မရာ ထည့်သွင်းထားပြီး LED Flash နဲ့ ပူးတွဲထားပါတယ်။ 18W Charging ထောက်ပံ့တဲ့ 5,160mAh Battery ပါလာပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။

Redmi 14C အတွက် Midnight Black , Sage Green , Dreamy Purple နဲ့ Starry Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ချက် နိုင်ငံမှာ 4/128GB ကို ၁၃၀ ဒေါ်လာနဲ့ 8/256GB ကို ၁၆၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena