Xiaomi က Reddmi 14R 5G ကို ကြေညာလိုက်ပြီး တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ 6.88” 1640x720p Display တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 600 Nits Brightness ထောက်ပံ့ထားပါတယ်။

Xiaomi Redmi 14R unveiled with Snapdragon 4 Gen 2 SoC and 120Hz screen - GSMArena.com news

Snapdragon 4 Gen 2 Chipset မောင်းနှင်ထားပြီး ကြီးမားတဲ့ 5,160mAh Battery နဲ့ 18W Charging ထောက်ပံ့ထားပါတယ်။

အနောက်ဘက်မှာ 13MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ Dual SIM ၊ microSD Card နဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု HyperOS မောင်းနှင်ထားပြီး အရွယ်အစား အပြည့်အစုံက 171.88 x 77.8 x 8.22mm ဖြစ်ပါတယ်။

Redmi 14R 5G makes surprise debut in China - XiaomiTime

Redmi 14R 5G ကို ၁,၀၉၉ ယွမ် ( ၁၅၅ ဒေါ်လာ ဝန်းကျင်) သတ်မှတ်ထားပြီး Green, Black & Purple နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Xiaomi ဟာ Redmi 14C ကို နိုင်ငံတကာမှာ ရောင်းချတော့မှာ ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ 6.88” Display , MediaTek Helio G81 Ultra Processor , 8GB RAM , 256GB Storage ထည့်သွင်းထားပါတယ်။

Ref : gizmochina