Xiaomi ဟာ Redmi 15R 5G ကို ဒီနေ့ တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းဟာ လက်ရှိ Redmi 15 ဖုန်းစီးရီးထဲကို အသစ်ဝင်ရောက်လာတာဖြစ်ပြီး ဘက်ထရီကြီးကြီး၊ ပါးလွှာတဲ့ကိုယ်ထည်နဲ့ ဈေးနှုန်းသက်သာတာကို ကြိုက်တဲ့သူတွေအတွက် ဆွဲဆောင်မှုရှိမယ့် hardware တွေ ပါဝင်လာပါတယ်။
Redmi 15R 5G ဟာ သူ့ရဲ့အရွယ်အစားနဲ့ ကိုယ်ထည်တည်ဆောက်ပုံကြောင့် ပထမဆုံးထူးခြားနေပါတယ်။ ဖုန်းရဲ့ အပါးလွှာဆုံးနေရာမှာ ၇.၉၉ မီလီမီတာပဲ ရှိပြီး အလေးချိန်က ၂၀၅ ဂရမ် ရှိတယ်လို့ Xiaomi က ပြောပါတယ်။ 6000mAh ဘက်ထရီပါဝင်တဲ့ ဖုန်းတစ်လုံးအတွက် ဒါက တော်တော်ပါးပါတယ်။ အရောင်အနေနဲ့ Cloud White, Lime Green, Twilight Purple နဲ့ Star Rock Black ဆိုပြီး လေးမျိုးရရှိနိုင်ပါတယ်။
ဖုန်းရဲ့ရှေ့ဘက်မှာတော့ 120Hz refresh rate အထိ ထောက်ပံ့ပေးနိုင်တဲ့ ၆.၉ လက်မအရွယ် waterdrop display ကို တပ်ဆင်ပေးထားပါတယ်။ HBM နဲ့ဆိုရင် အမြင့်ဆုံးတောက်ပမှုက 810 nits အထိ ရောက်ရှိပြီး Wet Touch 2.0 ကိုလည်း အသုံးပြုနိုင်တဲ့အတွက် လက်ချောင်းတွေ စိုနေရင်တောင် screen ကို ထိတွေ့အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Redmi 15R 5G ဟာ TSMC ရဲ့ 6nm process နဲ့ တည်ဆောက်ထားတဲ့ MediaTek Dimensity 6300 processor ကို အသုံးပြုထားပါတယ်။ ကျောဘက်ကင်မရာပိုင်းကတော့ ရိုးရှင်းပြီး HDR နဲ့ အခြေခံ scene optimizations တွေကို ထောက်ပံ့ပေးတဲ့ 13-megapixel sensor တစ်လုံးတည်းပဲ ပါဝင်ပါတယ်။
6000mAh graphite ဘက်ထရီက တစ်ခါအားသွင်းထားရုံနဲ့ ၁.၉ ရက်အထိ အသုံးခံတယ်လို့ ကြော်ငြာထားပါတယ်။ ဖုန်းမှာ Android 15 ကို အခြေခံထားတဲ့ Xiaomi ရဲ့ software skin ဖြစ်တဲ့ HyperOS 2 ထည့်သွင်းပေးထားပြီး စပီကာအသံကို ၂၀၀ ရာခိုင်နှုန်းအထိ ချဲ့ပေးနိုင်တဲ့ feature တွေပါဝင်ပါတယ်။ နားကြပ်ကြိုးနဲ့ သုံးရတာကို ကြိုက်နှစ်သက်သူတွေအတွက် 3.5mm headphone jack လည်း ပါရှိပါသေးတယ်။
Redmi 15R 5G ရဲ့ 4GB + 128GB မော်ဒယ်ကို ယွမ် ၁,၀၉၉ (အမေရိကန်ဒေါ်လာ ၁၅၀ ခန့်) ကနေ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအသေးစိတ်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်-
🔶 4GB + 128GB: ယွမ် ၁,၀၉၉ (ဒေါ်လာ ၁၅၀ ခန့်)
🔶 6GB + 128GB: ယွမ် ၁,၅၉၉ (ဒေါ်လာ ၂၂၀ ခန့်)
🔶 8GB + 128GB: ယွမ် ၁,၆၉၉ (ဒေါ်လာ ၂၃၅ ခန့်)
🔶 8GB + 256GB: ယွမ် ၁,၈၉၉ (ဒေါ်လာ ၂၆၀ ခန့်)
🔶 12GB + 256GB: ယွမ် ၂,၂၉၉ (ဒေါ်လာ ၃၁၅ ခန့်)
Ref : gizmochina