Redmi ရဲ့ နောက်ထွက်မယ့် တန်ဖိုးနည်း Redmi A3 ကို NBTC, IMDA နဲ့ EEC အပါအဝင် Certification ပလက်ဖောင်းများစွာမှာ မကြာခင်က တွေ့လာရပါတယ်။ အခုတော့ BIS Certification ပလက်ဖောင်းကို ရောက်လာပြီ ဖြစ်တဲ့အတွက် မကြာခင် အိန္ဒိယမှာ ကြေညာနိုင်ပါတယ်။

Redmi A3 BIS

BIS မှာ အဲဒီ စမတ်ဖုန်းရဲ့ မော်ဒယ်နံပါတ်က “23129RN51H,” ဖြစ်ပြီး အရင်က မော်ဒယ်နံပါတ်တွေနဲ့ မတူညီပါဘူး။ အဲဒီ မော်ဒယ်ဟာ အိန္ဒိယအတွက် ဖြစ်နိုင်ပါတယ်။ BIS မှာ Redmi A3 ရဲ့ Specs တွေကို မဖော်ပြထားပါဘူး။ စွမ်းရည်နိမ့် ဖုန်း ဖြစ်ပြီး နေ့စဉ် အသုံးပြုလို့ရမယ့် ဖန်ရှင်တွေ ပါလာနိုင်ပါတယ်။

Redmi A2, Redmi A2+ smartphones with Android 13 Go Edition launched: Price,  offers and more - Times of India

Redmi A2 ရဲ့ Specs တွေကို ပြန်ပြောရရင် 6.52” IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး HD+ Resolution နဲ့ 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Octa-core MediaTek Helio G36 SoC မောင်းနှင်ထားပြီး 3GB RAM နဲ့ 32GB Internal Storage ပါပါတယ်။ 1TB microSD Card နဲ့ Storage ကို တိုးမြှင့်နိုင်ပါတယ်။

10W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 8MP Dual ကင်မရာနဲ့ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။

Xiaomi ရဲ့ ထုံးစံအတိုင်း Redmi A3 ကို Poco Brand အောက်ကနေ အမည်ပြောင်းကာ ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

Ref : gizmochina