Xiaomi က Redmi A5 4G ကို ကြေညာလိုက်ပါတယ်။ Redmi A3 Pro နဲ့ A4 တို့မှာလိုပဲ Xiaomi Redmi A5 4G မှာ ကြီးမားတဲ့ 6.88” 120Hz Display တပ်ဆင်ထားပါတယ်။ Resolution က 720p+ ဖြစ်ပြီး LCD သုံးထားပါတယ်။ Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာပါတယ်။

Xiaomi Redmi A5 4G Price in Bangladesh 2025, Full Specs & Review | MobileDokan

အနောက်ဘက်မှာ အရင်မျိုးဆက်တွေကလို 50MP ကို မသုံးထားဘဲ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။ ကင်မရာမှာ AI Feature တွေပါတယ်လို့ ပြောထားပေမယ့် အသေးစိတ်ကို မပြောထားပါဘူး။

Battery က 5,200mAh ဖြစ်ပြီး 18W Charging ပါလာပါတယ်။ ဘူးထဲမှာတော့ 15W Adapter ပဲ ထည့်ပေးထားပါတယ်။

Redmi A5 Launched with 5,200mAh Battery and 6.88-inch Display - Gizchina.com

Redmi A5 မှာ Unisoc T7250 Chip ထည့်သွင်းထားနိုင်ပြီး Xiaomi က အတည်မပြုသေးပါဘူး။ 4G ဆက်သွယ်မှုပဲ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ A3 Pro မှာ ပါတဲ့ Helio G81 Ultra နဲ့ စွမ်းရည်တူညီပေမယ့် A4 မှာ ပါတဲ့ Snapdragon 4s Gen 2 ထက်တော့ နှေးမှာ ဖြစ်ပါတယ်။

Redmi A5 အတွက် 4/64GB Version ဟာ ဒေါ်လာ ၉၀ ပဲ ရှိပါတယ်။ အဲဒီ ဈေးနှုန်းဟာ Redmi A3 နဲ့ တူညီပါတယ်။ Redmi A5 အတွက် အရောင် ၄ ရောင် ထုတ်လုပ်ပေးထားပါတယ်။

Ref: gsmarena