Xiaomi ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Redmi ကနေ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ True Wireless Earbuds တစ်ခုဖြစ်တဲ့ Redmi AirDots ဟာ စျေးနှုန်းအရအသက်သာဆုံး True Wireless Earbuds တစ်ခုဖြစ်ခဲ့လို အောင်မြင်မှုတွေလည်း အကြီးအကျယ်ရရှိခဲ့တာဖြစ်ပါတယ်။


အခုလည်း Xiaomi ကနေ Redmi AirDots 2 ကို မကြာခင်မှာမိတ်ဆက်လာတော့မယ်လို့ သိရပါတယ်။ Redmi AirDots 2 အပြင် Redmi SonicBass Wireless Earphones အသစ်ကိုပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။

အခုသတင်းကိုတော့ Redmi AirDots 2 နဲ့ Redmi SonicBass Wireless Earphones တွေကို Bluetooth Certificate တွေကနေတစ်ဆင့်အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ Model Number တွေအနေနဲ့ကတော့ TWSEJ061LS နဲ့ INLYEJ02LS လို့ ပေးထားတယ်လို့ သိရပါတယ်။

Redmi AirDots 2 ဟာ အရှေ့က Redmi AirDots လိုမျိုးပဲ True Wireless Earbuds ဖြစ်လာမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့လည်း ၉၉ ယွမ် (မြန်မာငွေ ၂ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ Redmi SonicBass Wireless Earphones ကတော့ TWS အစား Neckband ပုံစံ Earphone ဖြစ်လာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် စျေးသက်သက်သာသာနဲ့ အရည်အသွေးကောင်းတဲ့ Wireless Earbuds တွေကို ရှာနေတယ်ဆိုရင်တော့ Redmi ကနေထွက်ရှိလာမယ့် အခု Earbuds တွေကို စောင့်ဆိုင်းတာပိုကောင်းမှာပါ။

Ref – Notebook Check