Xiaomi ကနေ ပြီးခဲ့တဲ့နှစ်တုန်းက အောင်မြင်ခဲ့တဲ့ True Wireless Earbuds တစ်ခုဖြစ်တဲ့ Redmi AirDots ကိုမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုလည်း Redmi AirDots ထက် ပိုကောင်းတဲ့ Redmi AirDot S အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Redmi AirDots S က ဒီဇိုင်းပိုင်းအရကြည့်မယ်ဆိုရင် ယခင် Redmi AirDots နဲ့အတူတူပဲဖြစ်သလို အရောင်အနေနဲ့လည်း အမည်းရောင်ကိုပဲဝယ်ယူနိုင်မှာပါ။ ဒါပေမယ့် Feature ပိုင်းတွေမှာတော့ အဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။

ဒါကတော့ ယခင် Redmi AirDots တုန်းက ဝေဖန်ခံခဲ့ရတဲ့ Earbuds တစ်ခုချင်းစီကို လိုက်ပြီး ချိတ်ရတာကို ဖယ်ရှားပေးလိုက်ပြီးတော့ Earbuds ၂ ဖက်စလုံးကို တစ်ပြိုင်နက်ထဲ ချိတ်ဆက်နိုင်သွားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Earbuds ၁ ဖက်ပဲတပ်ထားရင် Mono-mode နဲ့ ၂ ဖက်စလုံးတပ်လိုက်တာနဲ့ Stereo-mode ဆိုပြီး ချက်ချင်းပြောင်းလဲပေးနိုင်ပြီဖြစ်ပါတယ်။

Redmi AirDots S က Bluetooth 5.0 Chip ပါဝင်မှာဖြစ်ပြီး Connection က ပိုမြန်ဆန်ပြီး Stable ဖြစ်လာတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Earbuds ကို Triple Tap ပြုလုပ်ပြီး Low-latency Game Mode အသစ်ကိုလည်း ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

Redmi AirDots S က 7.2mm Driver အပြင် Mic အတွက် DSP Smart Noise Reduction Feature ကို ထည့်သွင်းပေးထားပါတယ်။ Battery အနေနဲ့ ၄ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပြီး Charging Case နဲ့တွဲဖက်မယ်ဆိုရင် ၁၂ ရာရီအထိ အသုံးပြုနိုင်မှာပါ။

စျေးနှုန်းအနေနဲ့ကတော့ Redmi AirDots S ကို တရုတ်ယွမ်ငွေ ၉၉.၉ (မြန်မာငွေ ၂ သောင်းဝန်းကျင်) နဲ့ ယခင် Redmi AirDots စျေးအတိုင်းရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China