Xiaomi က ဥရောပမှာ Redmi Buds 4 နဲ့ 4 Pro ကို ကြေညာလိုက်ပြီး ဈေးချိုကာ အဆင့်မြင့် လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ Buds 4 Pro မှာ Dual Drivers, Hi-Res Audio , LDAC Codec ပါလာပြီး ဘက်ထရီ သက်တမ်းက ၃၆ နာရီခံပါတယ်။ Buds 4 မှာ 10mm Drivers , ANC ထည့်သွင်းထားပြီး ဘက်ထရီ သက်တမ်းက ၃၀ နာရီ ဖြစ်ပါတယ်။

Redmi Buds 4

Redmi Buds 4 မှာ 10mm Dual Dynamic Drivers ထည့်သွင်းထားပြီး Touch Control တွေ ပါတဲ့ ကျစ်လစ်တဲ့နားကြပ် ဖြစ်ပါတယ်။ Hybrid Active Noise Cancellation ပါလာပြီး ဆူညံမှုကို 35dB အထိ လျှော့ချပေးနိုင်ပါတယ်။

Redmi_Buds_4

Bluetooth 5.2 သုံးထားပြီး Android , iOS Device တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ Charging Case နဲ့ ပေါင်းရင် ဘက်ထရီ သက်တမ်းက ၃၀ နာရီ ဖြစ်ပြီး ၅ မိနစ်အားသွင်းရင် ၁ နာရီ သီချင်းနားထောင်နိုင်ပါတယ်။ IP54 စံနှုန်း ထည့်သွင်းထားတဲ့အတွက် ရေနဲ့ ဖုန် မဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။

Redmi Buds 4 Pro

Redmi Buds 4 Pro မှာ 10-mm + 6-mm Dual Driver သုံးထားပြီး Hi-Res Audio ထောက်ပံ့ထားပါတယ်။ ANC ပါလာပြီး ဆူညံသံတွေကို 43 Decibels အထိ လျှော့ချပေးနိုင်ပါတယ်။ IP54 စံနှုန်း ပါလာပြီး ရေနဲ့ ဖုန်မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ Case နဲ့ ပေါင်းရင် ဘက်ထရီ သက်တမ်းက ၃၆ နာရီခံပြီး ၅ မိနစ်အားသွင်းရင် ၂ နာရီ သီချင်းနားထောင်နိုင်ပါတယ်။

Redmi Buds 4 pro

Redmi Buds 4 နဲ့ 4 Pro ကို ဥရောပမှာ ရောင်းချနေပြီ ဖြစ်ပြီး ၅၉.၉၉ ယူရို၊ ၉၉.၉၉ ယူရိုနဲ့ အသီးသီး ဝယ်ယူနိုင်ပါတယ်။

Ref : gizmochina