[Zawgyi]

Redmi K20 Pro အမည္ရွိ စမတ္ဖုန္း Screen Protector တစ္ခုဟာ အြန္လိုင္းေပၚကို ေရာက္ရွိလာၿပီးေနာက္ Redmi ရဲ႕ Flagship စမတ္ဖုန္းကို Redmi X လို႔ ေခၚဆိုေနတဲ့ အေခၚအေဝၚမ်ား ပ်က္သုဥ္းသြားခဲ့ပါတယ္။ အဆိုပါ Screen Protector မွာ ကြၽန္ေတာ္ မဖတ္တတ္တဲ့ တ႐ုတ္စာနဲ႔အတူ 855 / 4800 / 6.39 (AMOLED) နဲ႔ 4000mAh ဆိုတဲ့ စာသားေတြ ပါဝင္ေနတာေၾကာင့္ Redmi K20 Pro မွာ Snapdragon 855 SoC ၊ ေနာက္ေက်ာဘက္ Triple Camera Setup ထဲမွာ 48MP Main Sensor ၊ ၆.၃၉လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ AMOLED Display နဲ႔ 4000mAh ဘက္ထရီေတြကို ထည့္သြင္း အသုံးျပဳထားတယ္လို႔ ယူဆရပါတယ္။

4000mAh ဘက္ထရီအျပင္ 27W အျမန္အားသြင္းစနစ္ပါ ပါဝင္လာႏိုင္ၿပီး Security အပိုင္းအတြက္ In-display Fingerprint Sensor ကို အသုံးျပဳထားႏိုင္ပါတယ္။ ဒါ့အျပင္ 3.5mm Headphone Jack ကိုလည္း တပ္ဆင္ေပးထားႏိုင္ၿပီး NFC (Near-field communication) ကိုလည္း ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။

Xiaomi Smart Hardware Division ရဲ႕ အေထြေထြမန္ေနဂ်ာျဖစ္သူ Tang Mu ကေတာ့ Redmi အေနနဲ႔ ေမလ ၁၃ရက္ေန႔မွာ က်င္းပမယ့္ မိတ္ဆက္ပြဲတစ္ခုမွာ Snapdragon 855 အသုံးျပဳ Redmi Flagship ကို မိတ္ဆက္ႏိုင္ေၾကာင္း Weibo မွာ ေျပာၾကားထားပါတယ္။ ဒါ့အျပင္ Tang Mu က အဆိုပါမိတ္ဆက္ပြဲမွာ Redmi စမတ္ဖုန္းအျပင္ တျခားေသာ Device လည္း ပါဝင္ဦးမယ္လို႔ ဆိုထားပါတယ္။ ဒီစကားသံဟာ Smart Hardware Division ရဲ႕ အေထြေထြမန္ေနဂ်ာဆီက ထြက္လာတာ ျဖစ္တဲ့အတြက္ အဆိုပါ Device ဟာ Smart Home Device ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုမႈမ်ား ရွိေနပါတယ္။

Ref : Gizmochina

[Unicode]

Snapdragon 855 အသုံးပြုထားမယ့် Redmi K20 Pro ကို ဒီလ ၁၃ရက်နေ့မှာ မြင်တွေ့နိုင်ဖွယ်ရှိ

Redmi K20 Pro အမည်ရှိ စမတ်ဖုန်း Screen Protector တစ်ခုဟာ အွန်လိုင်းပေါ်ကို ရောက်ရှိလာပြီးနောက် Redmi ရဲ့ Flagship စမတ်ဖုန်းကို Redmi X လို့ ခေါ်ဆိုနေတဲ့ အခေါ်အဝေါ်များ ပျက်သုဥ်းသွားခဲ့ပါတယ်။ အဆိုပါ Screen Protector မှာ ကျွန်တော် မဖတ်တတ်တဲ့ တရုတ်စာနဲ့အတူ 855 / 4800 / 6.39 (AMOLED) နဲ့ 4000mAh ဆိုတဲ့ စာသားတွေ ပါဝင်နေတာကြောင့် Redmi K20 Pro မှာ Snapdragon 855 SoC ၊ နောက်ကျောဘက် Triple Camera Setup ထဲမှာ 48MP Main Sensor ၊ ၆.၃၉လက်မ မျက်နှာပြင် အကျယ်ရှိ AMOLED Display နဲ့ 4000mAh ဘက်ထရီတွေကို ထည့်သွင်း အသုံးပြုထားတယ်လို့ ယူဆရပါတယ်။

4000mAh ဘက်ထရီအပြင် 27W အမြန်အားသွင်းစနစ်ပါ ပါဝင်လာနိုင်ပြီး Security အပိုင်းအတွက် In-display Fingerprint Sensor ကို အသုံးပြုထားနိုင်ပါတယ်။ ဒါ့အပြင် 3.5mm Headphone Jack ကိုလည်း တပ်ဆင်ပေးထားနိုင်ပြီး NFC (Near-field communication) ကိုလည်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Xiaomi Smart Hardware Division ရဲ့ အထွေထွေမန်နေဂျာဖြစ်သူ Tang Mu ကတော့ Redmi အနေနဲ့ မေလ ၁၃ရက်နေ့မှာ ကျင်းပမယ့် မိတ်ဆက်ပွဲတစ်ခုမှာ Snapdragon 855 အသုံးပြု Redmi Flagship ကို မိတ်ဆက်နိုင်ကြောင်း Weibo မှာ ပြောကြားထားပါတယ်။ ဒါ့အပြင် Tang Mu က အဆိုပါမိတ်ဆက်ပွဲမှာ Redmi စမတ်ဖုန်းအပြင် တခြားသော Device လည်း ပါဝင်ဦးမယ်လို့ ဆိုထားပါတယ်။ ဒီစကားသံဟာ Smart Hardware Division ရဲ့ အထွေထွေမန်နေဂျာဆီက ထွက်လာတာ ဖြစ်တဲ့အတွက် အဆိုပါ Device ဟာ Smart Home Device ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေပါတယ်။

Ref : Gizmochina