Redmi K30 Pro နဲ့ K30 Pro Zoom ကို ကြေညာလိုက်ပါပြီ။ Redmi K30 , K30 5G တို့နဲ့ ဒီဇိုင်းကွဲပြားပြီး Pop-up ဆဲလ်ဖီး ကင်မရာနဲ့ စက်ဝိုင်းပုံ အနောက်ကင်မရာတွေ ပါလာပါတယ်။ Pro မော်ဒယ်တွေမှာ စွမ်းရည်မြင့် Snapdragon 865 Chipset မောင်းနှင်ထားပြီး X55 5G Modem ပါပါတယ်။ အရွယ်ကြီး 4,700mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ Pro မော်ဒယ် ၂ လုံးမှာ အနောက်ကင်မရာ ၁ လုံးကလွဲပြီး ကျန်တာအားလုံးတူကြပါတယ်။

အဲဒီဖုန်းတွေမှာ ၆.၆၇ လက်မ FHD+ AMOLED မျက်နှာပြင် ပါလာပြီး 20MP Pop-up ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ 20:9 Aspect Ratio ပါလာပါတယ်။ 60Hz Refresh Rate က ပြိုင်ဖက် စွမ်းရည်မြင့် ဖုန်းတွေထက် နည်းပါတယ်။ K30 Pro ရဲ့ အနောက်ဘက်မှာ 64MP Sony IMX686 Main (OIS) , 13MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာတွေ ပါပါတယ်။ Zoom Edition မှာ 5MP Macro အစား 8MP Telephoto ကင်မရာ ထည့်ထားပြီး 3x Optical နဲ့ 30x Hybrid Zoom အထိ ထောက်ပံ့ပါတယ်။ မော်ဒယ် ၂ လုံးစလုံးက 8K ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။

UFS 3.1 Storage က ဖုန်းကို လျှင်မြန်သွက်လက်စေပြီး 33W Fast Charging ထောက်ပံ့ထားပါတယ်။ WiFi 6 , NFC, IR Port နဲ့ Headphone Jack တွေ ပါလာပြီး အညို၊ ခရမ်း၊ အဖြူနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပါတယ်။ K30 Pro ရဲ့ 6/128GB ကို ၂,၉၉၉ ယွမ်၊ 8/128GB ကို ၃,၃၉၉ ယွမ်နဲ့ 8/256GB ကို ၃,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၉ သောင်း၊ ၆ သိန်း ၇ သောင်းနဲ့ ၇ သိန်း ၃ သောင်း အသီးသီး ရှိပါတယ်။

Zoom Edition ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃,၇၉၉ ယွမ်နဲ့ 8/256GB ကို ၃,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၅ သောင်းနဲ့ ၇ သိန်း ၉ သောင်းလောက်ရှိပါတယ်။ မော်ဒယ် ၂ လုံးစလုံးကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဧပြီလ ၄ ရက်နေ့မှာ ရောင်းမှာပါ။ နိုင်ငံတကာမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena