Redmi K30 Pro စမတ်ဖုန်းဟာ Xiaomi ကနေ မိတ်ဆက်ထားတာအခုဆိုရင် လပိုင်းအနည်းငယ်ရှိနေပြီဖြစ်ပါတယ်။ အဆိုပါ Redmi K30 Pro ဖုန်းဟာ ထွက်ရှိတဲ့အချိန်မှာလည်း စျေးအသက်သာဆုံး Snapdragon 865 Chipset ပါဝင်တဲ့ Flagship ဖုန်းတစ်လုံးဖြစ်သလို အခုဆိုရင် ပိုတောင် စျေးသက်သာသွားပြီဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ Xiaomi ကနေ Redmi K30 Pro ရဲ့ စျေးကို အများဆုံး တရုတ်ယွမ်ငွေ ၄၀၀ (မြန်မာငွေ ၈ သောင်းနီးပါး) စျေးလျော့ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် RAM 6GB ၊ 128GB Version ဟာ တရုတ်ယွမ်ငွေ ၂,၆၉၉ (မြန်မာငွေ ၅ သိန်း ၃ သောင်းဝန်းကျင်) ၊ RAM 8GB ၊ 128GB Version ကို တရုတ်ယွမ်ငွေ ၂,၉၉၉ (မြန်မာငွေ ၅ သိန်း ၈ သောင်းကျော်) ပဲ ကျသင့်တော့မှာပါ။

ဒါပေမယ့်လည်း Redmi K30 Pro RAM 8GB နဲ့ 256GB Storage Version ကတော့ စျေးနှုန်းလျော့ချထားခြင်းမရှိဘဲ တရုတ်ယွမ်ငွေ ၃,၃၉၉ (မြန်မာငွေ ၆ သိန်း ၇ သောင်းဝန်းကျင်) နဲ့ပဲ ဆက်လက်ရောင်းချသွားမှာဖြစ်ပါတယ်။

Redmi K30 Pro စမတ်ဖုန်းဟာ Qualcomm Snapdragon 865 Chipset အပြင် 6.67″ Super AMOLED Display ၊ Pop-up Selfie Camera တွေကို Support ပြုလုပ်မှာဖြစ်ပြီး ပုံမှန် Redmi K30 Series တွေလိုတော့ 120Hz Refresh Rate ကို Support ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီအတွက်ကြောင့် အခုလိုမျိုး စျေးနှုန်းတွေကို လျော့ချပေးတာဖြစ်နိုင်ခြေများနေပါတယ်။

Ref – Giz China