Xiaomi က အရင်နှစ် ဒီဇင်ဘာလမှာ အနောက်ကင်မရာ ၄ လုံးနဲ့ Dual-punch Hole ပါတဲ့ Redmi K30 နဲ့ Redmi K30 5G ကို ကြေညာခဲ့ပါတယ်။ Xiaomi က Redmi K30 Pro ကို ဖန်တီးနေတဲ့ သတင်းတွေ ထွက်နေပါတယ်။ အခုတော့ မတ်လမှာ ကြေညာမယ်လို့ ကုမ္ပဏီက ဝီဘိုကနေ အတည်ပြုလိုက်ပြီး 5G ဆက်သွယ်မှုပါလာမှာ ဖြစ်ပါတယ်။
Xiaomi မျှဝေထားတဲ့ Teaser အရ မျက်နှာပြင်မှာ Dual-punch Hole ကို မတွေ့ရတဲ့အတွက် Pop-up ဆဲလ်ဖီး ကင်မရာ ပါလာနိုင်ပါတယ်။ အဲဒီ ဒီဇိုင်းက Redmi K20 Pro နဲ့ တူသွားမှာပါ။ Redmi K30 Pro ရဲ့ Specs တွေကို ကုမ္ပဏီက မပြောသေးပေမယ့် Qualcomm Snapdragon X55 5G Modem ပါတဲ့ Snapdragon 865 Chipset မောင်းနှင်ထားနိုင်ပါတယ်။
Glorious new chapter for tech in #India! ??
Proud to announce that upcoming #Redmi phone will be 1st in world to feature @isro's #NavIC – Nation's own satellite navigation system! ?️
Great meeting Dr. K Sivan (Chairman #ISRO) & team to finalize this!#Xiaomi ❤️ #NavICinXiaomi pic.twitter.com/GcE1EEocmL
— Manu Kumar Jain (@manukumarjain) February 25, 2020
Xiaomi က နောက်ထုတ်မယ့် Redmi စမတ်ဖုန်းမှာ (Redmi K30 Pro လို့ ထင်ရ) အိန္ဒိယရဲ့ Satellite Navigation System ဖြစ်တဲ့ ISRO ပိုင်တဲ့ NavIC ပါလာမယ်လို့ အတည်ပြုထားပါတယ်။ Xiaomi India ရဲ့ ဒါရိုက်တာ ဖြစ်သူက ISRO Chairman နဲ့ အစည်းအဝေး ၁ ခုမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတချို့ကို တွစ်တာမှာ မျှဝေထားပါတယ်။
Ref : gsmarena