Redmi က တရုတ်မှာ လာမယ့် ရက်ပိုင်းအတွင်း စွမ်းရည်မြင့် K30 Pro ကို မိတ်ဆက်တော့မှာပါ။ အဲဒီ ဖုန်းဟာ ပြီးခဲ့တဲ့ လအနည်းငယ်က ကြေညာခဲ့တဲ့ Redmi K30 ရဲ့ Pro မော်ဒယ် ဖြစ်ပါတယ်။ အခုတော့ Xiaomi က Redmi K30 အလုံးရေ ၁ သန်းကျော် တရုတ်မှာ ရောင်းချထားနိုင်ပြီလို့ ပြောပါတယ်။ စတင်ရောင်းချအပြီး ၃ လလောက်မှာ ဒီလောက်ရောင်းရတာ အထင်ကြီးစရာပါ။ ရောင်းရတဲ့ အလုံးရေထဲမှာ Redmi K30 4G နဲ့ Redmi K30 5G တို့ ပါပါတယ်။

Redmi K30 5G ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ ၆.၆၇ လက်မ Full HD+ Punch-hole မျက်နှာပြင် တပ်ဆင်ထားပြီး အရှေ့ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။ 7nm Snapdragon 765G SoC မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultra-wide , 5MP Macro နဲ့ 2MP Depth ကင်မရာတွေကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 20MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး AI လုပ်ဆောင်ချက်တွေ ပါတာက မိုက်ပါတယ်။

Android 10 OS အခြေပြု နောက်ဆုံးထုတ် MIUI 11 ပါတဲ့ Redmi ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ 30W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီက အားသွင်းရင် အရမ်းမြန်စေပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

4G မော်ဒယ်ရဲ့ Specs အများစုက 5G မော်ဒယ်နဲ့တူပြီး ကွဲပြားမှု အနည်းငယ်တော့ ပါပါတယ်။ 4G မော်ဒယ်မှာ Snapdragon 730 Chipset မောင်းနှင်ထားပြီး အနောက်ဘက်က 5MP Lens ကို 2MP Sensor နဲ့ အစားထိုးထားပါတယ်။ Dual Frequency GPS မပါဘဲ 27W Fast Charging ပဲ ပါလာပါတယ်။

4G ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၅၉၉ ယွမ်နဲ့ တန်ဖိုးအများဆုံး မော်ဒယ်ကို ၂,၁၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၂ သောင်းနဲ့ ၄ သိန်း ၄ သောင်း တန်ကြေးရှိပါတယ်။ 5G ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၁,၉၉၉ နဲ့ တန်ဖိုးအများဆုံးမော်ဒယ်ဟာ ၂,၈၉၉ ယွမ် တန်ကြေးရှိပြီး မြန်မာငွေ ၄ သိန်းနဲ့ ၅ သိန်း ၈ သောင်းလောက် ရှိပါတယ်။

Ref : gizmochina