Redmi က အောက်တိုဘာလက တရုတ်မှာ Redmi K30S (aka Redmi K30S Commemorative Edition) ကို ကြေညာခဲ့ပါတယ်။ အဲဒီဖုန်းကို နိုဝင်ဘာလ ၁၁ ရက်နေ့ ဈေးရောင်းပွဲတော်မှာ ယွမ် ၃၀၀ တောင် လျှော့ပြီး ရောင်းပေးခဲ့ပါတယ်။ ၂,၂၉၉ ယွမ်နဲ့ ရောင်းပေးထားပြီး ၄ သိန်းခွဲလောက်ပဲ ကျသင့်မှာပါ။ အခုတော့ အဲဒီဖုန်းဟာ တရုတ်မှာ ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။

Xiaomi Redmi K30S set to launch today: Here's what to expect | Technology News,The Indian Express

အဲဒီဖုန်းမှာ 64MP Main ကင်မရာ၊ Snapdragon 865 Chipset ၊ 144Hz Refresh Rate နဲ့ ၆.၆၇ လက်မ မျက်နှာပြင်တွေ ထည့်သွင်းထားပါတယ်။ ဒါဟာ တကယ်တော့ ဖုန်း အသစ် မဟုတ်ဘဲ Xiaomi Mi 10T ကို နာမည်ပြောင်း ရောင်းချတာပါ။

Xiaomi Redmi K30S is official with SD865, 144 Hz screen - GSMArena.com news

Redmi K30s နဲ့ Mi 10T တို့ရဲ့ အဓိက ကွာခြားချက်က Memory Combination ဖြစ်ပြီး Redmi K30s အတွက် 8GB RAM နဲ့ 128GB/256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ Memory Card Slot လည်း မပါတဲ့အတွက် Internal Storage ကိုပဲ သုံးရမှာပါ။

LCD မျက်နှာပြင် သုံးထားတဲ့အတွက် ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ အရွယ်သေး Punch Hole မှာ 20MP ဆဲလ်ဖီး ကင်မရာ မြှပ်နှံထားပြီး Full HD+ Resolution နဲ့ 20:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

အနောက် ကင်မရာတွေ အကြောင်းပြောရရင် 64MP Main, 13MP Ultrawide နဲ့ 5MP Macro ကင်မရာတွေ ပါလာပြီး 33W Fast Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။ 5G ဖုန်း ဖြစ်ပြီး USB-C Port ထောက်ပံ့ထားပါတယ်။

အနက်နဲ့ ငွေရောင် ထုတ်လုပ်ထားပြီး 128GB ကို ၂,၅၉၉ ယွမ်နဲ့ 256GB ကို ၂,၇၉၉ ယွမ် သတ်မှတ်ထားပါတယ်။ ၅ သိန်းနဲ့ ၅ သိန်း ၃ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena