Xiaomi ရဲ့ Redmi Brand ဟာ 200MP ကင်မရာ ပါတဲ့ K50S Pro စမတ်ဖုန်းကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ AnTuTu မှာ အဲဒီ စမတ်ဖုန်းရဲ့ မော်ဒယ်နံပါတ်ဟာ 22081212C ဖြစ်ပြီး ၁,၁၂၀,၆၉၁ မှတ် ရထားပါတယ်။

Xiaomi Redmi K50S Pro on AnTuTu

အဲဒီ ရမှတ်ဟာ Snapdragon 8+ Gen 1 Chipset ပါတဲ့ တခြား စမတ်ဖုန်းတွေနဲ့ တူညီတဲ့အတွက် Redmi K50S Pro မှာ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Chipset ထည့်သွင်းထားမှာ သေချာပါတယ်။

Xiaomi Redmi K50S Pro on AnTuTu

ရမှတ်ဟာ အဓိက ဧရိယာ ၄ ခုရဲ့ စွမ်းဆောင်ရည်တွေကို ပေါင်းထားတာ ဖြစ်ပြီး CPU (261,363), GPU (489,064), memory (193,133) နဲ့ User Interface and Experience (177,131) အသီးသီး ရထားပါတယ်။ ကိန်းဂဏန်းတွေအရ အဲဒီ စမတ်ဖုန်းမှာ LPDDR5 RAM နဲ့ UFS 3.1 Storage တွေ ပါလာမှာ ဖြစ်ပါတယ်။

Redmi K50S Pro မှာ Android 12 အခြေပြု MIUI 13 မောင်းနှင်ထားမှာ ဖြစ်ပြီး တခြား ပေါက်ကြားသတင်းတွေအရ 120Hz မျက်နှာပြင်နဲ့ Full HD+ Resolution ပါလာမှာ ဖြစ်ပါတယ်။ 120W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပြီး 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena