Xiaomi နဲ့ Redmi ဟာ Snapdragon 8 Gen 4 Chipset ပါတဲ့ ဖုန်းတွေကို ဖန်တီးနေကြပါတယ်။ အဲဒီ Chip ပါတဲ့ Xiaomi 15 နဲ့ 15 Pro ကို အောက်တိုဘာလမှာ ကြေညာမှာပါ။ အဲဒီ Chip ကို Redmi K80 Pro မှာလည်း ထည့်သွင်းထားနိုင်ပါတယ်။
Tipster Digital Chat Station က Redmi K80 Pro ရဲ့ Specs တွေကို သတင်းပေးလာပါတယ်။ အဲဒီဖုန်းမှာ 100W Charging ထောက်ပံ့တဲ့ စွမ်းရည်မြင့် Battery အသစ် ထည့်သွင်းထားမှာပါ။ တချို့သတင်းတွေက 6,000mAh Battery လို့ ပြောကြပါတယ်။ တချို့ကလည်း 5,500mAh Battery ပါလာမယ်လို့ ပြောနေပါတယ်။
Digital Chat Station က K80 Pro မှာ Huaxing ရဲ့ Ultra-high Frequency Display တပ်ဆင်ထားမယ်လို့ ပြောပါတယ်။ Huaxing ဟာ တရုတ် အခြေစိုက် TCL Corporation ရဲ့ ဌာန တစ်ခု ဖြစ်တဲ့ China Star Optoelectronics Technology (CSOT) ရဲ့ ကုမ္ပဏီခွဲ ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ Ultrasonic Under-Display Fingerprint Sensor ထည့်သွင်းထားမှာပါ။
အရင်ပေါက်ကြားသတင်းအရ Redmi K80 Pro မှာ ပြားချပ်တဲ့ 2K OLED Display တပ်ဆင်ထားမှာပါ။ အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ Island ထည့်သွင်းထားမှာ ဖြစ်ပြီး 50MP Main , Ultrawide နဲ့ 50MP Telephoto (3x Optical Zoom) ကင်မရာတွေ ပါလာှာပါ။ Redmi K80 Series ကို အောက်တိုဘာလကုန် တရုတ်မှာ ကြေညာနိုင်ပြီး နိုဝင်ဘာလမှာ ရောင်းချနိုင်ပါတယ်။
Ref : gizmochina