Xiaomi နဲ့ Redmi တို့အတွက်တော့ တကယ့်ကို နေ့ထူးနေ့မြတ်ပါပဲ။ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ သူတို့ရဲ့ မိတ်ဆက်ပွဲကြီးမှာ ပစ္စည်းသစ်အမြောက်အမြားကို တစ်ပြိုင်နက်တည်း ချပြသွားခဲ့ပါတယ်။ အဲဒီထဲမှာမှ အားလုံးရဲ့အာရုံကို အဖမ်းစားနိုင်ဆုံးကတော့ နောက်ဆုံးထွက် Flagship Killer ဖုန်းဖြစ်တဲ့   Redmi K80 Ultra   ပဲ ဖြစ်ပါတယ်။ ဒီဖုန်းဟာ   Dimensity 9400+   chipset ရဲ့ စွမ်းအား၊   7,410mAh   ပမာဏရှိတဲ့ ဘက်ထရီဘီလူးကြီးနဲ့   100W   အားအမြန်သွင်းစနစ်တို့လို အကြမ်းစား Spec တွေနဲ့ ပွဲထွက်လာတာပါ။

Redmi K80 Ultra and Redmi K Pad unveiled

Redmi K80 Ultra ဟာ K80 နဲ့ K80 Pro ကြားမှာ နေရာယူထားပြီး ဂိမ်းသမားတွေကို အဓိကပစ်မှတ်ထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

Redmi K80 Ultra key specs (machine translated from Chinese)

မျက်နှာပြင် (Display)

၆.၈၃ လက်မ   အရွယ်အစားရှိတဲ့   OLED   screen ကြီးကို တပ်ဆင်ထားပြီး 1280p+ resolution နဲ့အတူ မျက်စိရှေ့မှာတင် လျင်မြန်သွက်လက်နေစေမယ့်   144Hz refresh rate   ကို ထောက်ပံ့ပေးထားပါတယ်။ Screen ရဲ့ အမြင့်ဆုံးတောက်ပမှု (peak brightness) က   3,200 nits   အထိရှိတာကြောင့် နေရောင်အောက်မှာတောင် ပြတ်သားစွာမြင်တွေ့ရမှာပါ။ ဒါ့အပြင် လက်ဗွေရာစနစ်ကို Screen အောက်မှာထည့်သွင်းထားတဲ့   ultrasonic fingerprint scanner   နဲ့ ရှေ့ဘက်မှာ   20MP   selfie ကင်မရာတစ်လုံးလည်း ပါဝင်ပါတယ်။

စွမ်းဆောင်ရည် (Performance)

Redmi K80 Ultra ရဲ့ အဓိကစွမ်းအားကတော့ MediaTek ရဲ့ နောက်ဆုံးပေါ်   Dimensity 9400+   chipset ဖြစ်ပြီး၊   16GB RAM နဲ့ 1TB storage   အထိ ရွေးချယ်နိုင်မှာဖြစ်လို့ ဘယ်လိုဂိမ်း၊ ဘယ်လို app မျိုးကိုမဆို အဆင်ပြေပြေသုံးနိုင်မှာ သေချာပါတယ်။ ဖုန်းတစ်ခုလုံးကို   IP68   အဆင့် ရေစို၊ ဖုန်ဒဏ်ခံနိုင်အောင် တည်ဆောက်ထားပြီး နောက်ဆုံးပေါ်   Android 15   ကို အခြေခံထားတဲ့   Xiaomi HyperOS 2   နဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်။

ကင်မရာနဲ့ အသံစနစ်

ကျောဘက်ကင်မရာပိုင်းမှာတော့   50MP   main camera ကို အဓိကထားပြီး၊ နာမည်ကျော်   OV Light Fusion 800 sensor   ကို အသုံးပြုထားပါတယ်။ သူ့ကိုမှ   8MP ultrawide   ကင်မရာတစ်လုံးနဲ့ တွဲဖက်ပေးထားပါသေးတယ်။

အသံပိုင်းမှာလည်း Redmi က အကြီးစားပြင်ဆင်မှုလုပ်ထားပြီး   AAC 1115 coaxial stereo speakers   လို့ခေါ်တဲ့ dual speaker အသစ်စက်စက်နဲ့အတူ၊ ဂိမ်းကစားချိန်မှာ တုန်ခါမှုအတွေ့အကြုံကောင်းတွေပေးမယ့်   X-axis linear vibration motor   တို့ကို ထည့်သွင်းပေးထားပါတယ်။

ဘက်ထရီနဲ့ အားသွင်းစနစ်

ဘက်ထရီပိုင်းမှာတော့ အံ့အားသင့်စရာကောင်းလောက်အောင်ကြီးမားတဲ့   7,410mAh silicon carbon ဘက်ထရီ   ကြီးကို ထည့်သွင်းပေးထားပြီး   100W   အားအမြန်သွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ ဂိမ်းကစားရင်း အားသွင်းချင်သူတွေအတွက် ဘက်ထရီကို တိုက်ရိုက်မဖြတ်ဘဲ အားသွင်းပေးတဲ့   bypass charging   စနစ်လည်း ပါဝင်ပါသေးတယ်။

ဈေးနှုန်း

Redmi K80 Ultra ကို   Sandstone Gray (မီးခိုးရောင်)  ၊   Moon Rock White (အဖြူရောင်)  ၊   Spruce Green (အစိမ်းရောင်)   နဲ့   Ice Front Blue (အပြာရောင်)   ဆိုပြီး အရောင် (၄) မျိုးနဲ့ ရရှိနိုင်မှာပါ။

တရုတ်နိုင်ငံတွင်း ဈေးနှုန်းတွေကတော့

12GB/256GB   မော်ဒယ်လ်ကို   CNY 2,599 (ဒေါ်လာ ၃၆၂ ခန့်)

16GB/1TB   မော်ဒယ်လ်ကို   CNY 3,799 (ဒေါ်လာ ၅၃၀ ခန့်)   ဖြစ်ပါတယ်။

Ref: gsmarena