Digital Chat Station က Redmi ရဲ့ စွမ်းရည်မြင့် K80 Ultra မှာ MediaTek Dimensity 9400+ Chipset ပါလာမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီဖုန်းရဲ့ တကယ့် အမိုက်စား အစိတ်အပိုင်းက ကြီးမားတဲ့ Battery ဖြစ်ပါတယ်။ 7,000mAh ထက်များတဲ့ Battery ပါလာမယ်လို့ ပြောပါတယ်။

Redmi K80 Ultra 7000mAh+ battery

Redmi K80 မှာ 6,550mAh Battery နဲ့ 90W Charging ထည့်ထားပြီး Pro မှာ 6,000mAh Battery နဲ့ 120W Charging ပါလာပါတယ်။ အဲဒီအတွက် Ultra ရဲ့ Battery ဟာ ပိုမို ကြီးမားမှာ ဖြစ်ပါတယ်။

Redmi K80 Series Confirmed to Launch in Last Week of November; Display  Details Revealed | Technology News

K80 Ultra မှာ 100W Fast Charging ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ 1.5K Resolution Display တပ်ဆင်ထားမှာ ဖြစ်ပြီး OLED Panel ဖြစ်နိုင်ပါတယ်။ ဒီဇိုင်းက Metal Middle Frame ပါလာမှာ ဖြစ်ပြီး ပိုတိကျတဲ့ Ultrasonic Fingerprint Scanner ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Redmi က K70 Ultra ကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ကြေညာခဲ့ပြီး K80 Ultra ကိုလည်း အဲဒီအချိန်လောက်မှာ မိတ်ဆက်နိုင်ပါတယ်။

Ref : Gizmochina