လာမယ့် ကြာသပတေးနေ့ (အောက်တိုဘာ ၂၃) မှာ Redmi က Redmi K90 series စမတ်ဖုန်းတွေကို တရုတ်နိုင်ငံမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီ က ထုတ်ပြန်လိုက်တဲ့ Teaser တွေအရ ဒါဟာ မဝယ်ဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ flagship ဖုန်းတစ်လုံး ဖြစ်လာမယ့်ပုံပါပဲ။ ဘာလို့လဲဆိုတော့ သူ့မှာ ပိုပြီး premium ကျတဲ့ Xiaomi 17 Pro Max မှာ သုံးထားတဲ့ display နဲ့ primary camera တွေကိုပဲ အတူတူ ထည့်သွင်းထားလို့ပါပဲ။
ဒါ့အပြင်၊ ဒါဟာ periscope telephoto camera တစ်လုံး ပါဝင်လာတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး Redmi ဖုန်းလည်း ဖြစ်ပါတယ်။ ဒီဖုန်းမှာ Redmi ဖုန်းသမိုင်းတစ်လျှောက် အကြီးဆုံး ဘက်ထရီ ပါဝင်လာတယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။
poster မှာ Redmi K90 Pro Max မှာ 7,560mAh ဘက်ထရီအကြီးကြီး ပါဝင်တာကို အတည်ပြုထားပါတယ်။ ဒီ့မတိုင်ခင်က၊ ဒီနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ Redmi Turbo 4 Pro မှာ 7,550mAh ဘက်ထရီ ပါဝင်ခဲ့ပါတယ်။
Redmi K90 Pro Max မှာ 100W wired charging (ကြိုးနဲ့အားသွင်း) နဲ့ 50W wireless charging (ကြိုးမဲ့အားသွင်း) တွေကို support လုပ်ပါမယ်။ ဒါ့အပြင် 100W PPS charging protocol နဲ့ 22.5W reverse wireless charging (တခြားဖုန်းတွေကို ကြိုးမဲ့နဲ့ ပြန်အားသွင်းပေးတာ) ကိုလည်း support လုပ်ဦးမှာပါ။
Redmi K90 Pro Max မှာ 6.9-inch OLED screen ပါဝင်မယ်လို့ တရားဝင် အတည်ပြုထားပြီး၊ အဲဒီ screen ဟာ 2K resolution နဲ့ 120Hz refresh rate ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ သူ့မှာ Android 16 ကို အခြေခံထားတဲ့ HyperOS 3.0 ကို ကြိုတင် ထည့်သွင်းပေးထားပါမယ်။
K90 Pro Max မှာ Snapdragon 8 Elite Gen 5 chip မောင်းနှင်ထားမှာဖြစ်ပြီး ဂရပ်ဖစ်ပိုင်းစွမ်းဆောင်ရည်အတွက် D2 chip ကို အားကိုးမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ K90 Pro Max ရဲ့ ရှေ့ကင်မရာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မသိရသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ကျောဘက်ကင်မရာစနစ်မှာတော့ OIS support ပါတဲ့ 50-megapixel OmniVision Light Fusion 950 main camera၊ 5x optical zoom နဲ့ OIS ပါတဲ့ 50-megapixel periscope telephoto camera နဲ့ ultra-wide camera တစ်လုံး ပါဝင်ပါမယ်။
လတ်တလော teaser တွေအရ K90 Pro Max မှာ စပီကာ ၃ လုံး ပါဝင်ပြီး၊ အဲဒီထဲက တစ်လုံးက ကျောဘက်မှာ တပ်ဆင်ထားတဲ့ Bose-powered unit ဖြစ်တယ်လို့လည်း အတည်ပြုထားပါတယ်။ ဒီဖုန်းဟာ IP68/69 အဆင့် သတ်မှတ်ထားတဲ့ ဖုန်နဲ့ ရေဒဏ်ခံနိုင်ရည်လည်း ပါဝင်ပါမယ်။
Redmi K90 Pro Max ကို ကမ္ဘာ့ဈေးကွက် (global) မှာ Poco F8 Ultra အဖြစ် နာမည်ပြောင်းပြီး ရောင်းချမယ့် သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
Ref : gizmochina