Xiaomi ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Mi 10 Ultra စမတ်ဖုန်းအပြင် Redmi K30 Ultra ဖုန်းကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Redmi K30 Ultra ဖုန်းကို တရုတ်နိုင်ငံမှာ သြဂုတ်လ ၁၄ ရက်နေ့က စတင်ရောင်းချခဲ့တာဖြစ်ပြီး အချိန်တိုအတွင်းမှာ အမြောက်အများရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

ဘယ်လောက်ထိရောင်းချခဲ့ရသလဲဆိုရင်တော့ Xiaomi ရဲ့ ပြောကြားချက်အရ စတင်ရောင်းချတဲ့ ၁ မိနစ်အတွင်းမှာတင် အလုံးရေ ၁ သိန်းကျော်အထိ ရောင်းချခဲ့ရတာဖြစ်ပါတယ်။ ဒါက Xiaomi အတွက်ကတော့ ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့တောင် ပြောနိုင်ပါတယ်။

Redmi K30 Ultra စမတ်ဖုန်းဟာ MediaTek ရဲ့ Dimensity 1000+ Chipset ကို အဓိကအသုံးပြုထားတာဖြစ်ပါတယ်။ Display ပိုင်းမှာလည်း Notch မပါတဲ့ 6.67″ 120Hz Full HD+ AMOLED Display အပြင် Camera ပိုင်းမှာလည်း 64MP Primary + 13MP Ultrawide + 5MP Macro + 2MP Depth Sensor တွေပါဝင်တဲ့ Camera Setup ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Selfie Camera အနေနဲ့ကတော့ 20MP Sensor ပါဝင်မှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 4500mAh Battery ပါဝင်မှာဖြစ်ပြီး 33W Fast Charging ကိုလည်း Support ပေးသွားမှာပါ။ Stereo Speaker လည်းပါဝင်တဲ့အတွက် တော်တော်လေးကို ပြည့်စုံနေတယ်လို့တောင် ပြောလို့ရပါတယ်။

စျေးနှုန်းအနေနဲ့လည်း အနိမ့်ဆုံးအနေနဲ့ RAM 6GB + 128GB Version ကို 1,999 Yuan (မြန်မာငွေ ၄ သိန်းဝန်းကျင်) ၊ RAM 8GB + 128GB ကို 2,199 Yuan (မြန်မာငွေ ၄ သိန်း ၃ သောင်းဝန်းကျင်)၊ RAM 8GB + 256GB ကို 2,499 Yuan (မြန်မာငွေ ၄ သိန်း ၉ သောင်းဝန်းကျင်) နဲ့ RAM 8GB + 512GB ကို 2,699 Yuan (မြန်မာငွေ ၅ သိန်း ၃ သောင်းဝန်းကျင်) ကျသင့်မှာပါ။ အဲ့ဒီအတွက် Redmi K30 Ultra ဟာ စျေးအရလည်းတော်တော်လေးကို တန်နေတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။

Ref – GSM Arena