Redmi က Note 12 Series ရဲ့ ဖုန်း အသစ် ဖြစ်တဲ့ Redmi Note 12 Pro Speed Edition ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ စွမ်းဆောင်ရည်ကို အသားပေးထားတဲ့ ဖုန်း ဖြစ်ပြီး Qualcomm Snapdragon 778G+ 5G Chipset မောင်းနှင်ထားမှာပါ။ စွမ်းရည်သင့် Chipset တွေထဲမှာ အကောင်းဆုံးလို့ ပြောနိုင်ပါတယ်။

Redmi Note 12 Pro Speed Edition

Redmi Note 12 Pro Speed Edition  ကြေညာမယ့်နေ့ကို Xiaomi က တရုတ်လူမှုကွန်ရက် ဝီဘိုမှာ အသိပေးလိုက်ပြီး OLED မျက်နှာပြင် ပါလာနိုင်ပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ တရုတ်မှာ ကြေညာမှာ ဖြစ်ပါတယ်။

Redmi Note 12 Pro Speed Edition Confirmed to Launch Alongside Redmi K60 Series - MySmartPrice

Speed Edition ရဲ့ အနောက်ဘက်မှာ စတုရန်းပုံသဏ္ဍာန် ကင်မရာ Island ပါလာမှာ ဖြစ်ပြီး Redmi Branding ရေးထွင်းထားမှာပါ။ အစိမ်းရောင် ပါလာမှာ ဖြစ်ပြီး အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားမှာပါ။ ဘေးဘက်တွေက ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

Speed Edition မှာ ၆.၇ လက်မ OLED မျက်နှာပြင်၊ 120Hz Refresh Rate ၊ Qualcomm Snapdragon 778G+ Processor ပါလာနိုင်ပါတယ်။ 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားနိုင်ပြီး Android 13 အခြေပြု MIUI 14 မောင်းနှင်ထားနိုင်ပါတယ်။ 50MP အနောက်ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။

Ref : gizmochina