Xiaomi က အိန္ဒိယမှာ ဇန်နဝါရီလ ၄ ရက်နေ့မှာ Redmi Note 13 5G Series ကို ကြေညာဖို့ ပြင်ဆင်နေပြီး Redmi Note 13 5G , Redmi Note 13 Pro 5G နဲ့ Redmi Note 13 Pro+ 5G တို့ ပါလာမှာပါ။ အခုတော့ Redmi Note 13 Pro 5G အိန္ဒိယမော်ဒယ်ကို Geekbench မှာ တွေ့လာရပြီး မော်ဒယ်နံပါတ်က 2312DRA50I ဖြစ်ပါတယ်။

Redmi Note 13 Pro 5G

Geekbench မှာ အဲဒီဖုန်းရဲ့ အဓိက Specs တွေကို ဖော်ပြထားပြီး Qualcomm Snapdragon 7s Gen 2 SoC ပါလာမှာပါ။ Xiaomi ကလည်း Redmi Note 13 Pro အိန္ဒိယ မော်ဒယ်ဟာ Snapdragon 7s Gen 2 ပါတဲ့ ကမ္ဘာ့ပထမဆုံး ဖုန်း ဖြစ်မယ်လို့ အတည်ပြုထားပါတယ်။ အဲဒီဖုန်းဟာ Single-core မှာ ၁၀၃၀ မှတ်နဲ့ Multi-core မှာ ၂၈၅၁ မှတ်ရထားပါတယ်။

Redmi Note 13 Pro 5G geekbench

အိန္ဒိယ မော်ဒယ်မှာ 12GB RAM ထည့်သွင်းထားမယ်လို့ Geekbench မှာ ဖော်ပြထားပါတယ်။ Android 14 ထွက်ရှိနေပေမယ့် Android 13 OS ပဲ ထည့်သွင်းထားမှာပါ။

မကြာခင်က ပေါက်ကြားသတင်းအရ Redmi Note 13 Pro Plus ရဲ့ 12GB RAM+256GB Storage Version ကို ၃၂,၉၉၉ ရူပီးနဲ့ ရောင်းချမယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၄ ရက်နေ့ နီးလာပြီ ဖြစ်တဲ့အတွက် Redmi Note 13 5G Series ရဲ့ သတင်းအချက်အလက်တွေ ဒီရက်ပိုင်းအတွင်း ထပ်မံ ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gizmochina