Xiaomi က Redmi Note 14 5G ကို တရုတ်မှာ ကြေညာလိုက်ပြီး အရင်မျိုးဆက်ထက် အနည်းငယ် တိုးတက်လာပါတယ်။ အဲဒီဖုန်းမှာ 6.67” OLED FHD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။
2,100 Nits Peak Brightness ပါလာပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပါတယ်။ Display ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး IP64 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။
50MP Main (OIS) , 2MP ကင်မရာ ၂ လုံးကို အနောက်ဘက်နဲ့ 16MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။
Dimensity 7050 Processor မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားပါတယ်။ 45W Charging ထောက်ပံ့တဲ့ 5,110mAh Battery ပါလာပြီး Android 14 အခြေပြု HyperOS မောင်းနှင်ထားပါတယ်။
Redmi Note 14 5G ရဲ့ 6/128GB ကို ၁၇၁ ဒေါ်လာ၊ 8/128GB ကို ၁၉၉ ဒေါ်လာနဲ့ 8/256GB ကို ၂၁၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 12/256GB ကို ၂၄၂ ဒေါ်လာ ကျသင့်မှာပါ။ Starry White, Midnight Black နဲ့ Phantom Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။
Ref : gizmochina