Redmi Note ရာသီ ရောက်ရှိလာပါပြီ။ Note 15 series ဟာ မော်ဒယ်သစ် ၅ မျိုးနဲ့ ကမ္ဘာအနှံ့ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ ဒီ Post မှာတော့ Pro မော်ဒယ် ၂ မျိုးအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပြီး ယခင်မော်ဒယ်တွေထက် အနည်းငယ် အဆင့်မြှင့်တင်ထားတာ တွေ့ရပါတယ်။

Redmi Note 15 Pro and Pro 5G are official

Note 15 Pro မော်ဒယ်နှစ်ခုစလုံးမှာ ယခင်ကထက် ပိုကြီးတဲ့ ဘက်ထရီတွေ ပါဝင်လာပါတယ်။ Redmi Note 15 Pro မှာ 45W အားသွင်းစနစ်ပါဝင်တဲ့ 6,500 mAh ဘက်ထရီ ပါဝင်ပြီး Redmi Note 15 Pro 5G မှာတော့ 6,580mAh silicon–carbon ဘက်ထရီ ပါဝင်ပါတယ်။

Redmi Note 15 Pro and Pro 5G are official

မော်ဒယ်နှစ်ခုစလုံးရဲ့ ကြိုးနဲ့အားသွင်းနှုန်းက 45W မှာပဲ ရှိနေပါသေးတယ်။ ဒါပေမယ့် Note 15 Pro 5G က တခြား device တွေကို ကြိုးနဲ့ပြန်အားသွင်းပေးနိုင်တဲ့ Reverse charge စနစ်မှာ 22.5W အထိ ရရှိလာပြီး Note 15 Pro ကတော့ 18W အထိ ပြုလုပ်ပေးနိုင်ပါတယ်။

ဒီဇိုင်းပိုင်းမှာ Note 15 Pro မော်ဒယ်နှစ်ခုစလုံးက မျက်နှာပြင်အပြား (Flat display) တွေကို သုံးထားပါတယ်။ Note 15 Pro 5G မှာ 1.5K resolution (2,772 x 1,280px) နဲ့ 120Hz refresh rate ပါဝင်တဲ့ ပိုကြီးတဲ့ 6.83-inch AMOLED မျက်နှာပြင်ကို သုံးထားပါတယ်။ Note 15 Pro မှာတော့ FHD+ (2,392 x 1,080px) resolution နဲ့ 120Hz refresh rate ပါဝင်တဲ့ 6.77-inch AMOLED မျက်နှာပြင် ပါဝင်ပါတယ်။ မျက်နှာပြင်နှစ်ခုစလုံးက 12-bit color output နဲ့ 3,200 nits peak brightness တွေ ပါဝင်ပါတယ်။ Touch sampling rate မှာတော့ Note 15 Pro 5G က 480Hz ရရှိပြီး Note 15 Pro ကတော့ 240Hz သာ ရရှိပါတယ်။

ဖုန်းနှစ်လုံးစလုံးမှာ Dolby Atmos အထောက်အပံ့ပါဝင်တဲ့ Dual Speaker တွေ ပါဝင်ပြီး ရေနဲ့ဖုန်ဒဏ်ခံနိုင်မှု အဆင့်မြှင့်ထားပါတယ်။ Note 15 Pro က IP65 အဆင့် (ယခင်က IP64) ရရှိပြီး Note 15 Pro 5G ကတော့ IP68 နဲ့ IP69K အဆင့် (ယခင်က IP68 သာ) အထိ ရရှိလာပါတယ်။

ဖုန်းနှစ်လုံးစလုံးမှာ အဆင့်မြှင့်ထားတဲ့ MediaTek chipset တွေ ပါဝင်လာပေမယ့် CPU clock နဲ့ NPU ပိုင်း အနည်းငယ် ပြောင်းလဲထားတာပဲ ဖြစ်ပါတယ်။ Note 15 Pro မှာ Helio G200-Ultra သုံးထားပြီး Note 15 Pro 5G မှာ Dimensity 7400-Ultra သုံးထားပါတယ်။ RAM 8GB/12GB နဲ့ Storage 256GB/512GB တွေ ရွေးချယ်နိုင်ပါတယ်။

ကင်မရာပိုင်းမှာတော့ 200MP Main Sensor (ISOCELL S5KHPE) အတူတူပဲ ပါဝင်ပါတယ်။ Note 15 Pro 5G မှာ 8MP Ultrawide (OV08F10) ပါဝင်ပြီး 4G မော်ဒယ်မှာတော့ 8MP (GC08A8) Ultrawide ပါဝင်ပါတယ်။ Selfie ကင်မရာအတွက် Note 15 Pro မှာ 32MP (OV32D40) ပါဝင်ပြီး 5G မော်ဒယ်မှာတော့ 20MP (OV20B) သာ ပါဝင်ပါတယ်။

ဖုန်းနှစ်လုံးစလုံးမှာ Android 15 အခြေခံ HyperOS 2.0 ပါဝင်လာပြီး Xiaomi ရဲ့ AI suite ဖြစ်တဲ့ AI Erase Pro၊ AI Remove Reflection၊ AI Image Expansion နဲ့ AI Image Enhancement တွေ စုံစုံလင်လင် ပါဝင်ပါတယ်။

Redmi Note 15 Pro ကို Titanium၊ Glacier Blue နဲ့ Black အရောင်တွေ ရနိုင်ပြီး 8/256GB မော်ဒယ်က €349/£249 နဲ့ စတင်ပါတယ်။ Redmi Note 15 Pro 5G ကိုတော့ Titanium၊ Glacier Blue၊ Mist Purple နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB အနိမ့်ဆုံးမော်ဒယ်ကို €399/£349 ၊ 8/512GB မော်ဒယ်ကို €429/£399 သတ်မှတ်ထားပါတယ်။

Ref : gsmarena