Redmi Note Series ဟာ Xiaomi ရဲ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ နှစ်တိုင်း Redmi Note Series တွေကို လူစိတ်ဝင်စားမှုများပြားခဲ့ပြီး ရောင်းအားကောင်းခဲ့ပါတယ်။ Xiaomi က မတ်လမှာ Redmi Note Global Series ရောင်းအားဟာ သန်း ၃၂၀ ကျော်သွားပြီလို့ ကြေညာခဲ့ပါတယ်။

Redmi-Note-13-Pro-Plus

Redmi Note 13 Series မိတ်ဆက်ပွဲမှာ Xiaomi က Redmi Note Series ရောင်းအားဟာ ၃၃၈ သန်းကျော်သွားပြီလို့ ကြေညာခဲ့ပါတယ်။ ၅ လအကြာမှာ ၁၈ သန်းပဲ ပိုမို ရောင်းချနိုင်ခဲ့တာကတော့ သိပ်မကောင်းဘူးလို့ ပြောရမှာပါ၊

Note 13, Note 13 Pro နဲ့ Note 13 Pro+ တို့ဟာ နောက်ဆုံးထွက် Redmi Note Series တွေ ဖြစ်ကြပါတယ်။ Pro မော်ဒယ်တွေမှာ 6.67” 1.5K FHD+ AMOLED မျက်နှာပြင်၊ 120Hz Refresh Rate တွေ ထည့်သွင်းထားပါတယ်။ Note 13 Pro+ မှာ MediaTek Dimensity 7200 Ultra SoC နဲ့ Note 13 Pro မှာ Snapdragon 7s Gen 2 SoC မောင်းနှင်ထားပါတယ်။ Note 13 မှာ MediaTek Dimensity 6080 SoC ပါလာပါတယ်။

Xiaomi Redmi Note 13 Pro Plus launches with hardware improvements while  maintaining mid-range price tag - NotebookCheck.net News

Pro မော်ဒယ်တွေမှာ 200MP Main , 8MP Ultrawide Angle နဲ့ 2MP Macro ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Note 13 မှာ 100MP Main နဲ့ 2MP Depth ကင်မရာ ပါပါတယ်။ Note 13 Pro+ မှာ 120W Charging ပါတဲ့ 5,000mAh Battery ထည့်ထားပါတယ်။ Pro မှာ 67W Charging ပါတဲ့ 5,100mAh နဲ့ Note 13 မှာ 33W Charging ပါတဲ့ 5,000mAh Battery တပ်ဆင်ထားပါတယ်။

Ref : gizmochina