လက်ရှိစမတ်ဖုန်းတွေအတော်များများမှာ ပုံမှန် Fingerprint Sensor အစား In-Display Fingerprint Sensor ကို အသုံးပြုလာပြီဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ In-Display Fingerprint Sensor ကို AMOLED Display တွေမှာပဲ အသုံးပြုနိုင်သေးတဲ့အတွက် Budget နဲ့ Mid-range ဖုန်းတချိူ့ မှာတော့ အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။

ဒါပေမယ့် မကြာခင်မှာ ဒါတွေက ပြောင်းလဲသွားနိုင်ပြီးတော့ Redmi ရဲ့ General Manager ဖြစ်တဲ့ Mr. Lu Weibing ကနေ LCD Display တွေအတွက် In-Display Fingerprint နည်းပညာကို ပြသလိုက်ပြီဖြစ်ပါတယ်။ အခုလိုမျိုး LCD Display မှာ In-Display Fingerprint နည်းပညာ အသုံးပြုနိုင်ဖို့အတွက် Infrared နည်းပညာကို အသုံးပြုထားတာလည်းဖြစ်ပါတယ်။

Xiaomi ကတော့ အခုလိုမျိုး LCD Display မှာ IR In-Display နည်းပညာကိုအသုံးပြုနိုင်ဖို့အတွက် Infrared High-Transmittance Film Material တစ်ခုကိုအသုံးပြုခဲ့ရတယ်လို့လည်း သိရပါတယ်။ Security ပိုင်းနဲ့ မြန်ဆန်မှုပိုင်းမှာလည်း လက်ရှိ In-Display Fingerprint Sensor တွေနဲ့ဆင်တူမှာပါ။

Redmi ရဲ့ General Manager ကတော့ ဒီ LCD အတွက် In-Display Fingerprint Sensor ကို အမြောက်အများထုတ်လုပ်နိုင်ပြီလို့ ပြောကြားခဲ့ပေမယ့် ဘယ်အချိန်မှာ ဘယ်စမတ်ဖုန်းတွေမှာစတင်မြင်တွေ့ရမလဲဆိုတာကိုတော့ အတည်ပြုခဲ့ခြင်းမရှိပါဘူး။

Ref – XDA-Developers