Redmi ရဲ့ တတိယမြောက် TWS earbuds အဖြစ် Redmi AirDots 2 ကို ပြီးခဲ့တဲ့ ဇွန်လမှာတုန်းက ကြေညာခဲ့ပါတယ်။ ဧပြီလတုန်းကတော့ ပထမမျိုးဆက် AirDots ကို အဆင့်မြှင့်တင်ထားတဲ့မျိုးဆက်အဖြစ် AirDots S ကို ကြေညာခဲ့တာပါ။

အခုတော့ နောက်ထပ် မော်ဒယ်သစ်ဖြစ်တဲ့ Redmi AirDots 3 ကလည်း Bluetooth SIG ရဲ့ Certified ရရှိခဲ့ပြီဖြစ်တာကြောင့် မိတ်ဆက်ဖို့လမ်းကြောင်းပေါ်မှာတွေ့မြင်နေရပြီလို့ ဆိုနိုင်ပါတယ်။ Certification စာမျက်နှာကဖော်ပြနေတာက TWS earbuds တွေဟာ မော်ဒယ်နံပါတ် TWSEJ08LS နဲ့ဖြစ်ပြီး Bluetooth 5.0 နဲ့ ချိတ်ဆက်နိုင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။

Certificate အရ သိရတဲ့နောက်ထပ်အရေးကြီးအချက်ဟာ ဒီ Redmi AirDots 3 ကို Redmi True Buds 2 Pro အနေနဲ့လည်း ဖြန့်ချိနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ မတူညီတဲ့ဈေးကွက်တွေအတွက် မတူညီတဲ့ နာမည်တွေကို အသုံးပြုနေတာက အစဉ်အလာဖြစ်နေတာကြောင့် ဒီနာမည်တွေက ကွဲပြားနေတာက အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။

အံ့သြစရာကောင်းတာက Redmi True Buds ဆိုတဲ့နာမည်နဲ့ TWS မရှိခဲ့တဲ့အတွက် ဒုတိယမျိုးဆက် Pro မော်ဒယ်ရှိလာမယ်ဆိုတဲ့အချက်က ထူးဆန်းသလို ဖြစ်နေတာပါ။ ဒါပေမယ့်လည်း လာမယ့် TWS နားကြပ်သစ်နဲ့ပတ်သက်ပြီး ဒီဇိုင်းနဲ့ အချက်အလက်တွေကို များများစားစားမသိရသေးတာကြောင့် နာမည်အကြောင်းပြောဖို့ကလည်း စောသေးတယ်လို့ ဆိုရပါလိမ့်မယ်။

Redmi ဟာ ပထမဦးဆုံးမျိုးဆက်ကစပြီး သူ့ရဲ့နားကြပ်ဒီဇိုင်းတွေကို ပြောင်းလဲခြင်းမရှိသေးပါဘူး။ အခုတော့ ပြောင်းလဲလာမယ်လို့ မျှော်လင့်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မော်ဒယ်သစ်နားကြပ်မှာတော့ တိုးတက်လာတဲ့ အသံအရည်အသွေး၊ ပိုကြာရှည်ခံတဲ့ ဘက်ထရီသက်တမ်းနဲ့ Active noise cancellation စတဲ့စနစ်တွေ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina