Redmi က ပြီးခဲ့တဲ့ ရက်အနည်းငယ်က တရုတ်မှာ ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်လို့ သတင်းပေးခဲ့ပါတယ်။ အဲဒီဖုန်းဟာ Redmi Note 13 Turbo ဖြစ်မယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီက အဲဒီဖုန်းဟာ Turbo Series အသစ်ထဲက ဖြစ်မယ်လို့ ပြောလိုက်တဲ့အတွက် အံ့အားသင့်သွားကြပါတယ်။

Redmi Turbo 3 name confirmed

အဲဒီဖုန်းမှာ Snapdragon 8 Gen 3 ရဲ့ Lite Version ဖြစ်တဲ့ Snapdragon 8s Gen 3 ပါလာနိုင်ပါတယ်။ Turbo Series ထဲမှာ ဘယ်လိုဖုန်း အမျိုးအစားတွေ ပါလာနိုင်သလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Turbo Series ဟာ စွမ်းရည်သင့် ဖုန်း ဈေးကွက်ကို တော်လှန်ပြောင်းလဲပစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ Note Series ထဲကနေ Redmi Note Turbo 12 ဖုန်း ထွက်ခဲ့ပါတယ်။ အခုပိုစတာ အသစ်အရ ဒီနှစ်မှာ Turbo ဖုန်းတွေဟာ သီးခြား Series ထဲက ထွက်လာမှာ ဖြစ်ပါတယ်။ Redmi ဟာ Note Series တွေကိုလည်း ဆက်လက် ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။

Redmi announces Turbo 3 as a part of new generation of performance flagship series - GSMArena.com news

K Series ဟာ Turbo Series ထက် ပိုမြင့်တဲ့ နေရာမှာ ရှိနေမှာ ဖြစ်ပြီး Number Series ထဲမှာ စွမ်းရည်နိမ့် ဖုန်းတွေ ပါလာမှာပါ။ Number Series ဟာ Note Series ရဲ့အောက်မှာ ရှိနေမှာ ဖြစ်ပါတယ်။

Redmi Turbo 3 ကို တရုတ်မှာ ဒီလထဲ ကြေညာနိုင်ပြီး အဲဒီဖုန်းကို နိုင်ငံတကာမှာ Poco F6 အမည်နဲ့ ရောင်းချနိုင်ပါတယ်။ F6 နဲ့ F6 Pro ကို မေလမှာ နိုင်ငံတကာမှာ ကြေညာနိုင်ပြီး Snapdragon 8 Gen 3 ပါလာနိုင်ပါတယ်။

Ref : gizmochina