Xiaomi က နှစ်သစ်မှာ Redmi Turbo 4 နဲ့ စပရိုက်တိုက်လိုက်ပါတယ်။ မကြာခင်က ကြေညာထားတဲ့ Dimensity 8400 Ultra Chipset ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ ကြီးမားတဲ့ 6,550mAh Battery နဲ့ 90W Wired Charging ပါလာပါတယ်။
Redmi Turbo 4 မှာ 6.77” LTPS OLED Display တပ်ဆင်ထားပြီး 1220p Resolution နဲ့ 120Hz Refresh Rate ပါပါတယ်။ 3,200 Nits Peak Brightness နဲ့ Gorilla Glass 7i Protection ထည့်ထားပါတယ်။ အရှေ့ဘက်မှာ 20MP ကင်မရာကို Punch Hole မှာ တပ်ထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။
အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး တပ်ထားပါတယ်။ Android 15 အခြေပြု Xiaomi HyperOS 2 ပါလာပြီး IP66/68/69 ရေစိုခံစံနှုန်း ထည့်ထားပါတယ်။
Redmi Turbo 4 အတွက် Black, White နဲ့ Sea Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ ရောင်းချပေးထားပြီး ဈေးနှုန်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
Redmi Turbo 4 ကို နိုင်ငံတကာမှာ Poco X7 Pro နာမည်နဲ့ နောက်တစ်ပတ်မှာ ရောင်းချနိုင်ပါတယ်။
Ref : Gsmarena