Xiaomi ကနေ မနှစ်တုန်းက Redmi ကို သီးသန့် Sub-brand အနေနဲ့ခွဲထွက်ပြီးနောက်ပိုင်း စျေးပိုသက်သာသလို စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ဆက်တိုက်ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Redmi စမတ်ဖုန်းတွေဟာ လက်ရှိ Flagship ဖုန်းတွေမှာပဲပါဝင်တဲ့ Feature တွေကိုပါ ထည့်သွင်းလာနိုင်ပါတယ်။

အဆိုပါ Feature တွေထဲမှာ Water Resistant Feature တစ်ခုဖြစ်တဲ့ IP Rating လည်းပါဝင်ပါတယ်။ Redmi ဟာ နောက်ဆုံးမိတ်ဆက်သွားတဲ့ Redmi K30 Pro ဖုန်းမှာ IP53 Rating ကို ထည့်သွင်းပေးခဲ့ပြီးတော့ ပုံမှန်ရေစင်တာလောက်ကိုပဲ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Redmi ရဲ့ General Manager ဖြစ်တဲ့ Lu Weibing ကလည်း Redmi K30 Pro ဟာ ပုံမှန်ရေစင်တာလောက်ကို ခံနိုင်ရည်ရှိတဲ့ IP53 Rating ပါဝင်တဲ့အတွက် IP68 လောက်အထိရှိဖို့မလိုအပ်ဘူးလို့ Weibo စာမျက်နှာမှာပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ပြောကြားချက်ကို ပြန်လည်ပြီးတော့ ချေပတဲ့ Feedback တွေအများအပြားရှိခဲ့ပြီးတော့ Flagship ဖုန်းတစ်လုံးမှာ IP68 Rating ပါဝင်ဖို့လိုတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

အဲ့ဒီအတွက် Lu Weibing ကနေ ပြန်လည်ပြီးတော့ အခုလိုမျိုး Feedback တွေကြောင့် နောက်ပိုင်း Product တွေမှာ ထည့်သွင်းသွားဖို့စဥ်းစားသွားမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်း Redmi ရဲ့ Flagship ဖုန်းတွေမှာလည်း တခြားသော Flagship ဖုန်းတွေလိုမျိုးပဲ IP68 Water & Dust Resistant Rating ပါဝင်လာဖို့များနေပါပြီ။

Ref – Giz China