Xiaomi ကနေ လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ Redmi Note 9 5G Series စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Redmi Note 9 5G စမတ်ဖုန်းတွေဟာ စျေးနှုန်းအရလည်း အသက်သာဆုံး 5G စမတ်ဖုန်းတွေဖြစ်လာမယ့်အပြင် Redmi Note 9 Pro 5G ဆိုရင် 108MP Primary Sensor ကိုပထမဆုံးအသုံးပြုလာမယ့် Redmi Note Series ဖုန်းဖြစ်လာမှာပါ။

အခုလည်း Xiaomi ကနေ Redmi Note 9 5G Series အပြင် နောက်ထပ် Product အသစ်ကိုပါ မိတ်ဆက်သွားဖို့ရှိနေတယ်ဆိုပြီး ပြောကြားလိုက်ပါပြီ။ ဒါကတော့ Redmi Smartwatch ပဲဖြစ်ပါတယ်။

Xiaomi ကနေ လက်ရှိအချိန်မှာ Mi Watch နဲ့ စျေးပိုသက်သာတဲ့ Mi Watch Lite ဆိုပြီး မိတ်ဆက်ထားပြီးဖြစ်ပေမယ့် Redmi Series အနေနဲ့တော့ Smartwatch ကို မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။ အဲ့ဒီအတွက် အခု Redmi Smartwatch ဘယ်လိုပုံစံဖြစ်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Teaser ဓါတ်ပုံအရတော့ Redmi Smartwatch ဟာ လေးထောင့်ပုံစံနဲ့ ထွက်ရှိလာမှာဖြစ်ပြီး ဖြစ်နိုင်ခြေများတာကတော့ Mi Watch Lite ကိုပဲ နာမည်ပြောင်းလဲပြီး ရောင်းချသွားဖွယ်ရှိနေပါတယ်။ Mi Watch Lite Smartwatch ဟာ 1.41″ Color Touchscreen ၊ Auto Brightness Support အပြင် ရေအနက် မီတာ ၅၀ အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ GPS Chip ၊ 24-hour Heart Rate Monitoring ၊ 230mAh Battery တွေလည်း ပါဝင်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် မကြာခင်မှာ Redmi ရဲ့ Smartwatch အသစ်ကို တရားဝင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Ref – GSM Arena