[Zawgyi]
လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္က စမတ္ဖုန္းထုတ္လုပ္မႈနယ္ပယ္ထဲမွာ ဖုန္းရဲ႕ မ်က္ႏွာျပင္အေပၚ Bezel မွာ ကင္မရာတပ္ဆင္ဖို႔ အလုပ္ရႈပ္ခဲ့ၾကပါတယ္။ ဒီေန႔ေခတ္မွာေတာ့ Bezel ေတြကို တတ္ႏိုင္သမွ်ေလွ်ာ့ခ်ၿပီး ကင္မရာေတြကိုလည္း Bezel ေတြကေန ဖယ္ထုတ္ဖို႔ အလုပ္ရႈပ္ေနျပန္ပါတယ္။
စမတ္ဖုန္းေတြရဲ႕ ဒီဇိုင္းပိုင္းဆိုင္ရာ တိုးတက္ေျပာင္းလဲမႈမွာ မ်က္ႏွာျပင္ျပည့္ျဖစ္ေရးက အေတာ္ေလးကို ေနရာယူေနၾကပါတယ္။ နည္းပညာကုမၸဏီေတြအားလုံးက သူ႔ထက္ငါ အၿပိဳင္အဆိုင္ ဆန္းသစ္တီထြင္ေနၾကပါတယ္။ အားလုံးရဲ႕ ဦးတည္ခ်က္က မ်က္ႏွာျပင္ေပၚမွာဘာမွမထားဘဲ အေရွ႕ကင္မရာကိုလည္း တစ္လုံးထက္ပိုၿပီး သုံးႏိုင္ဖို႔ ျဖစ္ပါတယ္။
ZTE Axon V ကေတာ့ မ်က္ႏွာျပင္အျပည့္ကို အထိအခိုက္မခံသလို အေပၚဘက္မွာလည္း Bezel ကို ခ်ဳံ႔ႏိုင္သမွ်ခ်ဳံ႔လိုက္ပါတယ္။ ဒါေပမယ့္ ေပၚပိုင္းညာဘက္ေဘးမွာေတာ့ Side-mounted 3D ကင္မရာကို တပ္ဆင္မယ့္ ပုံစံရွိေနတာပါ။ လက္ရွိပုံစံက Concept ပဲျဖစ္ေသးတဲ့အတြက္ အေျပာင္းအလဲ ျဖစ္ႏိုင္တယ္ဆိုေပမယ့္ ဒီအတိုင္းလည္း ျဖစ္လာႏိုင္စရာ ရွိပါတယ္။
ZTE Axon S ကလည္း မ်က္ႏွာျပင္ကို လုံးဝ အထိမခံဘဲ ကင္မရာေတြကို တျခားေနရာမွာ ေ႐ႊ႕ထားလိုက္ပါတယ္။ Slider နဲ႔ လာတယ္ဆိုေပမယ့္ သူ႔ရဲ႕ Slider က အေပၚကေနထြက္မလာဘဲ ေဘးကေန ထြက္လာမယ့္ ပုံစံပါ။ ZTE ရဲ႕ အခုလိုပုံစံမ်ိဳးနဲ႔ ကင္မရာေတြကို ထားရွိတာက တကယ္ပဲ အႀကံေကာင္းဟုတ္ရဲ႕လား၊ သုံးစြဲသူေတြ အႀကိဳက္ျဖစ္ပါ့မလားလို႔ေတာ့ သံသယ ျဖစ္မိပါတယ္။
Ref: Phone Arena
[Unicode]
Renders အရ ZTE Concept ဖုန်းနှစ်မျိုးဟာ မျက်နှာပြင်ပြည့် ဖြစ်ဖွယ်ရှိကြောင်း တွေ့ရ
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်ထဲမှာ ဖုန်းရဲ့ မျက်နှာပြင်အပေါ် Bezel မှာ ကင်မရာတပ်ဆင်ဖို့ အလုပ်ရှုပ်ခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ Bezel တွေကို တတ်နိုင်သမျှလျှော့ချပြီး ကင်မရာတွေကိုလည်း Bezel တွေကနေ ဖယ်ထုတ်ဖို့ အလုပ်ရှုပ်နေပြန်ပါတယ်။
စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုမှာ မျက်နှာပြင်ပြည့်ဖြစ်ရေးက အတော်လေးကို နေရာယူနေကြပါတယ်။ နည်းပညာကုမ္ပဏီတွေအားလုံးက သူ့ထက်ငါ အပြိုင်အဆိုင် ဆန်းသစ်တီထွင်နေကြပါတယ်။ အားလုံးရဲ့ ဦးတည်ချက်က မျက်နှာပြင်ပေါ်မှာဘာမှမထားဘဲ အရှေ့ကင်မရာကိုလည်း တစ်လုံးထက်ပိုပြီး သုံးနိုင်ဖို့ ဖြစ်ပါတယ်။
ZTE Axon V ကတော့ မျက်နှာပြင်အပြည့်ကို အထိအခိုက်မခံသလို အပေါ်ဘက်မှာလည်း Bezel ကို ချုံ့နိုင်သမျှချုံ့လိုက်ပါတယ်။ ဒါပေမယ့် ပေါ်ပိုင်းညာဘက်ဘေးမှာတော့ Side-mounted 3D ကင်မရာကို တပ်ဆင်မယ့် ပုံစံရှိနေတာပါ။ လက်ရှိပုံစံက Concept ပဲဖြစ်သေးတဲ့အတွက် အပြောင်းအလဲ ဖြစ်နိုင်တယ်ဆိုပေမယ့် ဒီအတိုင်းလည်း ဖြစ်လာနိုင်စရာ ရှိပါတယ်။
ZTE Axon S ကလည်း မျက်နှာပြင်ကို လုံးဝ အထိမခံဘဲ ကင်မရာတွေကို တခြားနေရာမှာ ရွှေ့ထားလိုက်ပါတယ်။ Slider နဲ့ လာတယ်ဆိုပေမယ့် သူ့ရဲ့ Slider က အပေါ်ကနေထွက်မလာဘဲ ဘေးကနေ ထွက်လာမယ့် ပုံစံပါ။ ZTE ရဲ့ အခုလိုပုံစံမျိုးနဲ့ ကင်မရာတွေကို ထားရှိတာက တကယ်ပဲ အကြံကောင်းဟုတ်ရဲ့လား၊ သုံးစွဲသူတွေ အကြိုက်ဖြစ်ပါ့မလားလို့တော့ သံသယ ဖြစ်မိပါတယ်။
Ref: Phone Arena