ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဟာ ကျောက်မီးသွေးကို ပထမဆုံးအကြိမ်အဖြစ် ကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ ရင်းမြစ်တစ်ခုဖြစ်လာခဲ့တယ်လို့ စွမ်းအင်ဆိုင်ရာ သုတေသနအဖွဲ့ Ember ရဲ့ အချက်အလက်သစ်တွေအရ သိရပါတယ်။

Renewables overtake coal globally for first time on record

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ၅,၀၇၂ TWh (Terawatt-hours) ထုတ်လုပ်ခဲ့ပြီး ဒါဟာ ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၃၄.၃ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အဲဒီပမာဏဟာ ကျောက်မီးသွေးကနေ ထုတ်လုပ်တဲ့ ၄,၈၉၆ TWh (၃၃.၁ ရာခိုင်နှုန်း) ကို ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီလို သမိုင်းဝင် မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တာက နေရောင်ခြည်စွမ်းအင်နဲ့ လေစွမ်းအင်ကနေ ထုတ်လုပ်မှု အလျင်အမြန် တိုးတက်လာခဲ့တာကြောင့် ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်က ၃၁ ရာခိုင်နှုန်းနဲ့ လေစွမ်းအင်က ၇.၇ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့ပြီး အဲဒီနှုန်းတွေဟာ ကမ္ဘာ့လျှပ်စစ်ဓာတ်အားလိုအပ်ချက် တိုးလာတဲ့ ၂.၆ ရာခိုင်နှုန်းထက် အများကြီး ပိုမြန်ခဲ့ပါတယ်။

နေရောင်ခြည်စွမ်းအင်ကဏ္ဍမှာ စံချိန်တင် တိုးတက်မှုတွေ ရှိခဲ့ပြီး တရုတ်နိုင်ငံက ကမ္ဘာ့တိုးတက်မှုအားလုံးရဲ့ ၅၅ ရာခိုင်နှုန်းနဲ့ ဦးဆောင်ခဲ့ပါတယ်။ သူ့နောက်မှာတော့ အမေရိကန် (၁၄%)၊ ဥရောပသမဂ္ဂ (၁၂%)၊ အိန္ဒိယ (၅.၆%) နဲ့ ဘရာဇီး (၃.၂%) တို့က အစဉ်လိုက် ရပ်တည်ခဲ့ကြပါတယ်။

renewable energy surpasses coal as world's source of electricity

တစ်ဖက်မှာလည်း ကျောက်မီးသွေးကနေ ဓာတ်အားထုတ်လုပ်မှုက ၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ သဘာဝဓာတ်ငွေ့ကနေ ထုတ်လုပ်မှုက ၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ တခြားကျောက်ဖြစ်ရုပ်ကြွင်းလောင်စာတွေကနေ ထုတ်လုပ်မှုက အနည်းငယ်တက်လာခဲ့ပေမယ့် စုစုပေါင်းမှာတော့ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအခြေခံ လျှပ်စစ်ထုတ်လုပ်မှုက ၀.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ကတော့ ဆက်ပြီး မြင့်တက်နေတုန်းပါပဲ။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ Artificial Intelligence (AI) ကဏ္ဍရဲ့ ဓာတ်အားလိုအပ်ချက် ကြီးထွားလာတာကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်။ ခန့်မှန်းချက်တချို့အရ ၂၀၃၀ ခုနှစ်ရောက်ရင် AI data center တွေတစ်ခုတည်းကတင် ကမ္ဘာ့လျှပ်စစ်ဓာတ်အားသုံးစွဲမှုရဲ့ ၂၁ ရာခိုင်နှုန်းအထိ သုံးစွဲလာနိုင်တယ်လို့ သတိပေးထားကြပါတယ်။

Ref: Technology Innovation