iPhone ဟာ ၂၀၂၇ ခုနှစ်မှာ သူ့ရဲ့ နှစ် ၂၀ ပြည့် နှစ်ပတ်လည်ကို ကျင်းပဖို့ ရှိနေပြီး Apple က နာမည်ပြောင်းလဲမှုတချို့နဲ့ စိတ်လှုပ်ရှားအောင် လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ အစဉ်လိုက်နံပါတ်တွေအတိုင်း သွားမယ်ဆိုရင် ၂၀၂၇ iPhone ကို iPhone 19 လို့ ခေါ်သင့်ပါတယ်၊ ဒါပေမဲ့ Omdia က အကြီးတန်းသုတေသီ Heo Moo-yeol ကတော့ Apple က နံပါတ်တစ်ခုကို ကျော်ပြီး iPhone 20 ကို တန်းသွားလိမ့်မယ်လို့ အကြံပြုထားပါတယ်။

What we know so far about the 20th anniversary iPhone, coming in 2027 🔥 This will be the biggest design change since the iPhone X

ဒီလိုလုပ်ဆောင်မှုက ၂၀၁၇ ခုနှစ်တုန်းက iPhone X နဲ့ Apple လုပ်ခဲ့တဲ့ ပုံစံနဲ့ ဆင်တူမှာ ဖြစ်ပါတယ်။ iPhone ရဲ့ ဆယ်နှစ်ပြည့် အတွက် အဲဒီစီးရီးမှာ ပထမဆုံး အဓိကကျတဲ့ ဒီဇိုင်းသစ် ပြောင်းလဲမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

iPhone 20 စီးရီးက iPhone ဒီဇိုင်းအတွက် နောက်ထပ် အလှည့်အပြောင်းတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ အရှေ့ကနေ ကြည့်လိုက်ရင် ဖုန်းကို ဖန်သားတစ်ချပ်တည်းပုံစံ ပေါ်လွင်စေမယ့် ဘေးဘောင်လုံးဝမပါတဲ့ (bezel-less) display panel ကို ကွေးညွှတ်တဲ့ မျဉ်းကြောင်းတွေနဲ့ ပေါင်းစပ်ထားမယ်လို့ အရင်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

iPhone 20: Apple's 20th Anniversary Redesign is NOT What You Expect! - Geeky Gadgets

လာမယ့်နှစ် (၂၀၂၆) မှာ Apple က သာမန် (vanilla) iPhone 18  မော်ဒယ်ကို ကျော်သွားနိုင်ပြီး၊ အဲဒီအစား Air နဲ့ Pro မော်ဒယ်တွေကို လူအရမ်းမျှော်လင့်နေကြတဲ့ iPhone Fold နဲ့အတူ ပွဲထုတ်လာနိုင်တယ်လို့ အဲဒီသတင်းသစ်မှာ ဖော်ပြထားပါသေးတယ်။

နောက်တစ်နှစ် (၂၀၂၇) မှာတော့ Apple က iPhone 20 စီးရီးကို ယူဆောင်လာဖို့ မျှော်လင့်ရပြီး၊ အဲဒီထဲမှာ သာမန်မော်ဒယ်လည်း ပါဝင်ပါမယ်၊ ဒါပေမဲ့ အဲဒီမော်ဒယ်ကိုတော့ ဈေးသက်သာတဲ့ iPhone 18e နဲ့အတူ (၂၀၂၇) နှစ်ရဲ့ ပထမနှစ်ဝက်မှာပဲ မိတ်ဆက်သွားမှာပါ။ အဲဒီနောက်မှာမှ Apple က ဒီဇိုင်းသစ်ပြင်ဆင်ထားတဲ့ iPhone 20 Pro၊ Air နဲ့ Fold 2 မော်ဒယ်တွေကို ဆောင်းဦးရာသီ (Fall) မှာ သီးခြားပွဲတစ်ခုအနေနဲ့ ထပ်မံမိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Ref: gsmarena