အစောပိုင်း သတင်းတွေအရ iPhone 14 Plus ဟာ တာထွက်မကောင်းဘဲ ဝယ်လိုအား နည်းနေတယ်လို့ သိခဲ့ရပါတယ်။ အခုတော့ The Information က Apple ဟာ iPhone 14 Plus ထုတ်လုပ်မှုကို လျှော့ချနေပြီး ဝယ်လိုအားကို ပြန်လည် သုံးသပ်နေတယ်လို့ ပြောပါတယ်။

Buy iPhone 14 and iPhone 14 Plus - Apple (IN)

Supply Chain အရင်းအမြစ်တွေအရ Apple ဟာ iPhone 14 Plus ထုတ်လုပ်မှုကို ချက်ချင်း ရပ်နားထားဖို့ iPhone ထုတ်လုပ်ပေးသူ ပါတနာ ကုမ္ပဏီ အနည်းဆုံး ၁ ခုဆီ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ Apple ဟာ  iPhone 14 Plus ထုတ်လုပ်မှုကို ၉၀ ရာခိုင်နှုန်း အထိ လျှော့ချဖို့ အစိတ်အပိုင်း ထောက်ပံ့ပေးတဲ့ ကုမ္ပဏီ ၂ ခုကို ပြောထားပါတယ်။ Apple ဟာ iPhone 14 Pro နဲ့ iPhone 14 Pro Max မော်ဒယ်တွေအတွက် အစိတ်အပိုင်း ထုတ်လုပ်မှုကို တိုးမြှင့်ဖို့ iPhone ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီ အနည်းဆုံး ၁ ခုကို ညွှန်ကြားထားတယ်လို့ သတင်းထွက်လာပါတယ်။

iPhone 14 and iPhone 14 Plus - Apple

Apple က iPhone 14 Plus ထုတ်လုပ်မှုကို လျှော့ချနေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးပါဘူး။ iPhone ဝယ်ယူသူတွေဟာ ၈၉၉ ဒေါ်လာနဲ့ ရောင်းချထားတဲ့ iPhone 14 Plus ကို စိတ်မဝင်စားဘဲ အဲဒီစား iPhone 14 Pro နဲ့ iPhone 14 Pro Max ကို ပိုမို ကြိုက်နေကြတယ်လို့ ယူဆရပါတယ်။

လက်ရှိ သတင်းတွေအရ iPhone 14 Plus ဟာ ရောင်းအား မကောင်းပေမယ့် Apple ဟာ နောက်နှစ်မှာ iPhone 15 Plus ကို ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena