Apple အကြောင်း လေ့လာဆန်းစစ်သူ Ming Chi-kuo က iPhone အပါအဝင် Apple ထုတ်မယ့် ထုတ်ကုန်တွေအကြောင်းကို ကြိုတင်သတင်းပေးရာမှာ နာမည်ကြီးပါတယ်။ အခုလည်း သူက iPhone 13 ရဲ့ ဘက်ထရီ ပြောင်းလဲမှုကြောင့် ၂၀၂၁ ခုနှစ်မှာ Apple ရဲ့ ဝင်ငွေဟာ အရင်နှစ်ကထက် ၁၀၀ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

Apple AirPods Pro

သူက Taiwan Career Technology ဟာ iPhone 13 အပါအဝင် Apple ရဲ့ ၂၀၂၁ ခုနှစ် ထုတ်ကုန်တွေအတွက် အဓိက ပံ့ပိုးသူ ပြန်ဖြစ်လာမယ်လို့ ပြောပါတယ်။ နောက်နှစ် ပထမနှစ်ဝက်မှာ AirPods အသစ်နဲ့ mini LED iPad အသစ်တွေကို ကြေညာနိုင်ပါတယ်။

iPhone 12 ရဲ့ ဘက်ထရီတွေမှာ Soft နဲ့ Hard Board တွေကို အသုံးပြုထားပြီး iPhone 13 မှာတော့ Soft Board ကိုပဲ အသုံးပြုထားမယ်လို့ သိရပါတယ်။ Soft Board ဘက်ထရီတွေမှာ Hard Board ဘက်ထရီထက် အလွှာ နည်းပါးပါတယ်။ အဲဒီ နည်းပညာ အသစ်က iPhone တွေရဲ့ အတွင်းပိုင်းမှာ နေရာတွေပိုရလာစေမှာ ဖြစ်သလို ကုန်ကျစားရိတ် နည်းပါးပါတယ်။

AirPods 3 ရဲ့ ဒီဇိုင်းဟာ လက်ရှိ AirPods Pro နဲ့ တူညီမှာ ဖြစ်ပြီး Taiwan Career Technology က AirPods အတွက် Soft Board နဲ့ Charging Case တွေ ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် mini LED iPads အတွက်လည်း Acoustic နဲ့ Optical Component Soft Board တွေ ပံ့ပိုးပေးနိုင်ပါတယ်။

Ref : gsmarena