Samsung က ပြီးခဲ့တဲ့လက Unpacked Event မှာ  Galaxy Watch Ultra, Galaxy Buds3 နဲ့ Galaxy Buds3 Pro ကို ကြေညာခဲ့ပြီး ဒီနှစ်တွေအတွင်း ဝေဖန်မှု အများဆုံး Samsung ထုတ်ကုန်တွေ ဖြစ်လာပါတယ်။ အဲဒီ Device တွေရဲ့ ဒီဇိုင်းဟာ  Apple Watch Ultra, AirPods 3,  AirPods Pro 2 နဲ့ တူညီနေပါတယ်။

ကိုရီးယားက ထွက်လာတဲ့ သတင်းအရ Samsung ထိပ်တန်း အရာရှိ Jay Y. Lee ဟာ အဲဒီ ကိစ္စကြောင့် မိုဘိုင်း ဌာနကို စိတ်ဆိုးနေပြီး အဲဒီ ဌာနရဲ့ အကြီးအကဲ TM Roh ကို အရေးယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကုမ္ပဏီတွင်း သတင်းအရ Lee ဟာ Apple ဒီဇိုင်းကို အတုခိုးထားတဲ့ ကိစ္စနဲ့ ပြီးခဲ့တဲ့ လက ထွက်ခဲ့တဲ့ Buds3 Series နဲ့ Galaxy Watch Ultra  တို့ရဲ့ အရည်အသွေး ပြဿနာတို့ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ ကုမ္ပဏီထဲမှာ ပြဿနာတွေ ကြီးထွားနေတယ်လို့ ပြောပါတယ်။

Lee က မိုဘိုင်းဌာနမှာ ပြောင်းလဲမှု ပြုလုပ်ဖို့ စီစဉ်နေပြီး အနာဂတ်မှာ အလားတူ ပြဿနာမျိုး မဖြစ်အောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အရင်က Samsung Galaxy Watch Series ရဲ့ ဒီဇိုင်းဟာ တစ်မူထူးခြားပါတယ်။ ဒါပေမယ့် Watch Ultra ရဲ့ ဒီဇိုင်းက Apple Watch Ultra နဲ့ တူညီနေတာက ပြဿနာ ဖြစ်နေတာပါ။

Ref : gsmarena