တရုတ်နိုင်ငံမှာ လူဦးရေကျဆင်းမှုနဲ့ ရင်ဆိုင်နေရချိန်မှာ အမျိုးသမီးအများအပြားဟာ AI ချတ်ဘော့တွေနဲ့ ရည်းစားထားတဲ့ ဆက်ဆံရေးတွေ တည်ဆောက်လာကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အဲဒီရေစီးကြောင်းကို AI အဖော်အက်ပ်တွေအသုံးပြုတဲ့ အမျိုးသမီးတွေကို အင်တာဗျူးခဲ့တဲ့ The New York Times လို သတင်းဌာနတွေက ရေးသားဖော်ပြခဲ့ပါတယ်။
အသုံးပြုသူတချို့ကတော့ အဆင်ပြေမှုနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုရတာကြောင့် AI “ရည်းစား” အများအပြားနဲ့ နေ့စဉ် အချိန်ပေးပြီး စကားပြောဖြစ်ကြတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ၇၅ နှစ်ကျော်အတွင်း အနိမ့်ဆုံး မွေးဖွားနှုန်းကို စံချိန်တင်ခဲ့ပြီး အိမ်ထောင်ပြုဖို့နဲ့ ကလေးယူဖို့ တိုက်တွန်းနေချိန်မှာ အဲဒီဖြစ်ရပ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အသုံးပြုသူတွေဟာ AI အဖော်တွေအပေါ် အလွန်အကျွံ မှီခိုလာတဲ့အခါ ကုမ္ပဏီတွေဘက်က ဝင်ရောက်ထိန်းကျောင်းဖို့ လိုအပ်မယ့် စည်းမျဉ်းသစ်တွေကို တရုတ်အာဏာပိုင်တွေက အဆိုပြုထားပါတယ်။
Ref : Fossbytes
