Surrey နဲ့ Swansea တက္ကသိုလ်တွေမှ သုတေသနပညာရှင်တွေက အာကာသမှာ စွမ်းအင် ထုတ်လုပ်နိုင်တဲ့ တန်ဖိုးနည်း ပေါ့ပါးတဲ့ Solar Panel တွေကို ထုတ်လုပ်နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

How Japan Plans to Build an Orbital Solar Farm - IEEE Spectrum

အာကာသ အခြေပြု Solar Power (SBSP) ဟာ ကမ္ဘာပတ်လမ်းကြောင်းမှာ နေရောင်ခြည် စွမ်းအင်ကို ရယူပြီး ကမ္ဘာမြေကို ကြိုးမဲ့ပေးပို့နိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ အဲဒီ နေရောင်ခြည်စွမ်းအင်ကို လျှပ်စစ် စွမ်းအင် အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်မှာပါ။

လေထုစုပ်ယူမှုနဲ့ ရာသီဥတု ကန့်သတ်ချက် မရှိတဲ့အတွက် အာကာသက Solar Panel တွေဟာ ကမ္ဘာမြေက Solar Panel တွေထက် နေရောင်ခြည် စွမ်းအင်ကို ပိုမို ရယူနိုင်ပါတယ်။ အဲဒီ အိုင်ဒီယာကို လေ့လာနေတာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်ပေမယ့် နည်းပညာ အခက်အခဲများစွာ ရှိနေပါတယ်။

၂၀၃၀ ခုနှစ်မှာ ကာဘွန်ထုတ်လုပ်မှု လုံးဝမရှိအောင် ကြိုးစားနေကြတဲ့အတွက် နေရောင်ခြည် စွမ်းအင်ကို များစွာအသုံးချဖို့ လိုအပ်လာပါတယ်။ အဲဒီအတွက် အာကာသမှာ Solar Farm တွေ တည်ဆောက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

A CubeSat made at the Surrey Space Center.

အဲဒီလို ပြုလုပ်ဖို့အတွက် လက်ရှိ Solar Panel တွေထက် စွမ်းရည် ပိုမြင့်မားပြီး ကုန်ကျစားရိတ် သက်သာတဲ့ Solar Panel တွေကို တီထွင်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် Swansea တက္ကသိုလ်မှ Centre for Solar Energy Research (CSER) က Solar Panel နည်းပညာ အသစ်ကို တီထွင်လိုက်ပြီး Panel ဧရိယာ ပိုကြီးကာ ပေါ့ပါးပါတယ်။

အဲဒီ Solar Cell နည်းပညာကြောင့် အာကာသမှာ ကုန်ကျစားရိတ်သက်သာပြီး အရွယ်အစားကြီးမားတဲ့ Solar Power Stations တွေ တည်ဆောက်နိုင်မယ်လို့ တီထွင်သူတွေက ပြောပါတယ်။

Ref : inceptivemind