ကိုယ့်ကားလေးနဲ့ကိုယ် လွတ်လွတ်လပ်လပ် သွားလာနေတယ်လို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ ခေတ်မီကားတွေမှာ တပ်ဆင်ထားတဲ့ တာယာလေပေါင်ချိန်စောင့်ကြည့်စနစ် (TPMS) တွေကနေတဆင့် ယာဉ်မောင်းတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ မရည်ရွယ်ဘဲ ပေါက်ကြားနိုင်တယ်လို့ သုတေသီတွေက သတိပေးလိုက်ပါတယ်။

Tyre Pressure Monitoring System (TPMS) | Continental tyres

လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုအတွက်ဆိုပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း ထုတ်လုပ်တဲ့ ကားတွေမှာ TPMS ကို မဖြစ်မနေ တပ်ဆင်လာကြပါတယ်။ ဒါပေမဲ့ အဲဒီလို တပ်ဆင်လိုက်တာကပဲ အခုလို လုံခြုံရေး ပြဿနာကို ဖြစ်စေတာပါ။

From Sensor to Dashboard: How do tire pressure sensors work? - Tire  Reviews, Buying Guide & Interesting Facts - Utires.com

IMDEA Networks Institute က သုတေသီတွေဟာ ၁၀ ပတ်ကြာ လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီလေ့လာမှုမှာ ကားအစီးရေ ၂၀,၀၀၀ ကျော်ဆီကနေ လုံခြုံရေးအရ ကုဒ်ဝှက်မထားတဲ့ TPMS အချက်ပြမှု သန်းပေါင်းများစွာကို အလွယ်တကူ စုဆောင်းနိုင်ခဲ့ပါတယ်။

အဲဒီ အာရုံခံကိရိယာတစ်ခုစီတိုင်းက သူ့အတွက် သီးသန့်ဖြစ်တဲ့ အမှတ်အသားတစ်ခုကို အမြဲတမ်း ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးပေါတဲ့ ရေဒီယိုစက်ပစ္စည်းလေးတွေ ရှိရုံနဲ့တင် ကားတွေ ဘယ်သွားနေတယ်ဆိုတာကို အလွယ်တကူ ခြေရာခံနိုင်နေပါတယ်။

Ref : Fossbytes